Healthy Life Ad
Health Tips

လေယာဉ်အချိန်ကြာကြာစီးရာတွင်ဖြစ်တတ်သည့် ခန္ဓာကိုယ်ပြောင်းလဲမှုများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

လေယာဉ်နဲ့ အချိန်ကြာကြာ ခရီးသွားရတာကြောင့် ခန္ဓာကိုယ်မှာသက်ရောက်မှုတွေ အများကြီးဖြစ်တတ်ပါတယ်။

– ခြေထောင်ရောင်ခြင်း
လေယာဉ်စီးပြီး ခရီးရှည်သွားတဲ့အခါ လွတ်လွတ်လပ်လပ် လမ်းမလျှောက်နိုင်၊ ခြေထောက်ဆွဲဆန့်မှု မလုပ်နိုင်ပါဘူး။ ကံမကောင်းစွာပဲ လှုပ်ရှားမှု၏နည်းတဲ့အတွက် ခြေထောက်မှာ သွေးစုပုံကာ ရောင်ရမ်းမှုဖြစ်တတ်ပါတယ်၊ တစ်ခါတစ်ရံ သွေးခဲတတ်ပါတယ်။ ဒီလိုမဖြစ်အောင် ခြေထောက်ဆွဲ ဆန့်လေ့ကျင့်ခန်းကို ရံဖန်ရံခါ လုပ်ဆောင်ပေးရပါမယ်။

– ခံတွင်းထဲ မနှစ်မြို့စရာ အနံ့ထွက်ခြင်း
လေယာဉ်စီးချိန်မှာ ရေဓာတ်ခမ်းခြောက်ရာက တံတွေးအထွက်နည်းကာ ဘက်တီးရီးယားပိုး ပေါက်ပွားမှုများတတ်ပါတယ်။ အဲဒီအခါ ခံတွင်းအနံ့ဆိုးထွက်နိုင်ပါတယ်။ လေယာဉ်မစီးခင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအသောက်ကို စားတာ၊ ပူရှိန်းပီကေဝါးတာတို့လုပ်ပြီး ခံတွင်းအနံ့ဆိုး မထွက်အောင်ကာကွယ်နိုင်ပါတယ်။

– အစားအသောက်အရသာအကြိုက် ပြောင်းလဲခြင်း
အရသာခံတဲ့ ဦးနှောက်အစိတ်အပိုင်းတွေက လေယာဉ်ပေါ်မှာပြောင်းလဲပြီး အလုပ်လုပ်တယ်လို့ သိပ္ပံပညာရှင်တွေကဆိုပါတယ်။ တကယ်အချို ကြိုက်သူတွေတောင် လေယာဉ်စီးချိန်မှာ ခရမ်းချဉ်သီးဖျော်ရည် ကြိုက်တာမျိုးဖြစ်တတ်ပါတယ်။

– အရေပြားပြဿနာ ခံစားရခြင်း
ခန္ဓာကိုယ်ရေဓာတ်ခမ်းခြောက်ရာက အရေပြားခြောက်သွေ့ပြီး ဝက်ခြံထွက်နိုင်ပါတယ်။ လေယာဉ်ပေါ်က လေထုခြောက်သွေ့တာကြောင့် အရေပြားရဲ့အကာအကွယ်ပေးနိုင်စွမ်းကို အားနည်းသွားစေပြီး အသားအရေပြဿနာ ဖြစ်တတ်ပါတယ်။ အစိုဓာတ်ထိန်းခရင်မ်လိမ်းပြီး အသားအရေအန္တရာယ်ကင်းအောင် ကာကွယ်ပါ။

– ခေါင်းမူးခြင်း
လေယာဉ်ကြာရှည်စီးတဲ့အခါ ခေါင်းမူးတာ၊ ပျို့ချင်အန်ချင်ဖြစ်တာနဲ့ အန်တာတို့ ခံစားရတတ်ပါတယ်။ လှုပ်ရှားမှုကို ခန္ဓာကိုယ်က မတုန့်ပြန်နိုင်လို့ ဖြစ်ရတာပါ။ လေယာဉ်တောင်ပံနားက ပြတင်းပေါက် နားရွေးထိုင်ရင် ဒီဝေဒနာတွေကို သက်သာစေပါတယ်။

– လေပွခြင်း
လှုပ်ရှားမှုမရှိတာကြောင့် ဝမ်းချုပ်တာနဲ့ လေပွတာတို့ ဖြစ်တတ်ပါတယ်။ လေယာဉ်ထဲ ကြာကြာ ထိုင်တာကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို နှေးစေပြီး ကိုယ်တွင်း သွေးလှည့်ပတ်မှုနည်းစေပါတယ်။ လေယာဉ်မစီးခင် ကယ်လိုရီလျှော့စားပါ။ အချိန်ရရင်ရသလို ကြွက်သားတွေကို ဆွဲဆန့်လုပ်ပေးပါ။ ဒီဝေဒနာကို ရှောင်လွှဲနိုင်ပါတယ်။

– ရုတ်တရက်သွားကိုက်ခြင်း
လေယာဉ်စီးခရီးသည်အများစုက လေယာဉ်ကြာရှည်စီးချိန်မှာ သွားကိုက်တတ်ပါတယ်။ မတူညီတဲ့ လေဖိအားကြောင့် ဖြစ်ရတာပါ။

– ရေဓာတ်ခမ်းခြောက်ခြင်း
လေယာဉ်ပေါ်က ရေတွေက အန္တရာယ်ကင်းပေမယ့် အရည်အများစုကို ရှောင်သင့်ပါတယ်။ ရေဆာရင် ရေပဲသောက်ပါ။ အထူးသဖြင့် အယ်လ်ကိုဟောပါတဲ့ အရည်မသောက်သင့်ပါဘူး။

– အကြားအာရုံ အားနည်းခြင်း
လေယာဉ်ပေါ်မှာ ဖိအားအပြောင်းအလဲကြောင့် နားအူသွားတတ်ပါတယ်။ ဒါက ယာယီ အကြားအာရုံအားနည်းတာနဲ့ နားကိုက်တာတို့ကို ဖြစ်စေနိုင်ပါတယ်။ပီကေဝါးတာနဲ့သကြားလုံးအမာစားတာတို့ ပြုလုပ်ပေးရင် တံတွေးအထွက်များစေပြီး သက်သာစေနိုင်ပါတယ်။

– စိတ်လှုပ်ရှားခြင်း
လေယာဉ်စီးရမှာ မကြောက်သူတွေတောင် လေယာဉ်ပေါ်မှာစိတ်လှုပ်ရှားတတ်ပါတယ်။ သက် ဆိုင်ရာနေရာကိုမရောက်မချင်းစိုးရိမ်စိတ်အနည်းနဲ့အများရှိနေတတ်ပါတယ်။ ရုပ်ရှင်ဇာတ်လမ်းကြည့်တာ၊ စိတ်ဝင်စားတဲ့ စာအုပ်ဖတ်တာ၊ အိပ်ရေးဝ၀ အိပ်စက်အနားယူတာ စတဲ့ နည်းတွေနဲ့ စိတ်သက်သာရာရအောင် နားနေပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top