Healthy Life Ad
Q & A

လေယာဉ်အဆင်းဖြစ်တဲ့ နားဝေဒနာ . . .

မေး ။ လေယာဉ်အတက်မှာ ဘာမှမဖြစ်ဘဲ အဆင်းမှာ နားတွေအူပြီး အောင့်တောင့်တောင့်ဖြစ်ကာ သူများလာစကားပြောရင်လည်း သိပ်ပြီး မပီသတော့ပါ။ နောက် ၂ရက်လောက်ကြာပြီးမှ ပုံမှန်ပြန်ဖြစ်သွားပါတယ်။ နားအုံတွင်းမှ လေထွက်သွားသလိုလည်း ခံစားလိုက်ရပါတယ်။ ဘယ်လိုရောဂါကြောင့်လဲဆိုတာ သိပါရစေ။

ဒေါက်တာမိုးအောင်ကျော်နိုင်(အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။
ဖြေ ။ လေယာဉ်အတက်အဆင်းတွေမှာ နားထဲမှာရှိတဲ့ လေဖိအားနဲ့ အပြင်လေဖိအား ကွာသွားတဲ့အခါ ဒီလို နားအူတာ၊ နားအောင့်တာ၊ အသံတွေကို သိပ်မကြားရတော့တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် လေယာဉ်အတက်အဆင်းတွေမှာ ကလေးငိုသံတွေကို ကြားရတတ်ပါတယ်။ ကလေးတွေက မပြောပြတတ် ပေမယ့် နားနာနေလို့ပါ။ ဒီတော့ လူကြီးတွေအနေနဲ့ ဒီဝေဒနာသက်သာအောင် ဘယ်လိုလုပ်ရသလဲဆိုတော့ ပါးစပ်ပိတ်ပြီး နှာခေါင်းထဲ လေမှုတ်ထည့်တာကို လုပ်ပေးရပါတယ်။ ဒါဆိုရင် အာခေါင်ထဲကနေ အလယ်နားနဲ့ ဆက်နေတဲ့ Eustachian Tube ပွင့်သွားတဲ့အခါ အပြင်လေရဲ့ ဖိအားနဲ့ နားအတွင်း လေထုဖိအားတူသွားပါတယ်။ အဲဒီလို ဖိအားတူသွားတဲ့အခါ စောစောက လက္ခဏာတွေ ပျောက်သွားတာကို တွေ့ရပါတယ်။ ကလေးတွေမှာတော့ လေယာဉ်ဆင်းခါနီးမှာ သကြားလုံးလေးတွေ ဝေပေးပါတယ်။ သကြားလုံးလေးတွေ ငုံရင်း၊ စုပ်ရင်းနဲ့ Eustachian ပွင့်သွားပြီးတော့ အတွင်းအပြင် လေထုဖိအား မျှတသွားရင် ခံစားနေရတဲ့ လက္ခဏာတွေ သက်သာသွားပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top