Healthy Life Ad
Health Tips

သွယ်လျလှပအချိုးကျ ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်စေမည့် ဟင်းရွက်သုပ်

လရိပ်မေ
ဟင်းရွက်သုပ်ဆိုတာ အဓိက ဟင်းလျာပြီးရင် လူတွေအကြိုက်ဆုံး ဟင်းတစ်မည်ပဲ ဖြစ်ပါတယ်။ ဟင်းရွက်သုပ်ထဲမှာ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ အသား(ကြက်သား ဒါမှမဟုတ် ငါး) စတာတွေ ပါဝင်လေ့ရှိပါတယ်။ ဟင်းရွက်သုပ်ထဲမှာ ဗီတာမင်နဲ့ သတ္တုဓာတ်ပါဝင်မှု မြင့်မားတာကြောင့် ခန္ဓာကိုယ်ရဲ့ အထွေထွေလုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။ ကယ်လိုရီ ပါဝင်မှု မများတဲ့အတွက် အဆီကျစေပြီး သွယ်လျလှပတဲ့ ခန္ဓာကိုယ်ပိုင်ရှင်လည်း ဖြစ်စေပါတယ်။

ပန်းဂေါ်ဖီပွင့်သုပ်
ပန်းဂေါ်ဖီပွင့်ကို အနေတော် လှီးသင်ပြီး ကြက်ပြုတ်ရည်ထဲ ခဏ ထည့်ပြုတ်ပေးပါ။ ပြီးရင် ဆား၊ ငရုတ်ကောင်း စတာတွေ ထည့်ပြီး အရသာရှိအောင် ပြင်ဆင်ပါ။ သံလွင်ဆီ၊ ငရုတ်သီးစိမ်း၊ အဆီမပါတဲ့ ချိစ်တွေထည့်သုပ်လို့ရပါတယ်။

ဆလတ်ရွက်သုပ်
ဆလတ်ရွက်ကို ပါးပါးလှီးပြီး သခွားသီးစိတ်၊ တရုတ်နံနံပင်၊ ငရုတ်သီးစိမ်း၊ ကြက်ရင်ပုံသား(ပြုတ်ပြီးသား) စတာတွေထည့်ကာ ကြိုက်နှစ်သက်တဲ့ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ရောသုပ်ပေးပါ။

သတိပြုရန်
ဟင်းရွက်သုပ်တွေထဲမှာ ကြက်သား၊ ငါး၊ အခွံမာစေ့၊ ဘဲဥပြုတ်၊ ကြက်ဥပြုတ် စတာတွေ ထည့်စားရင် ပရိုတင်းဓာတ်ကို အလုံအလောက် ရရှိစေပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top