Healthy Life Ad
Health Tips

ခါးသေးစေမည့် DASH အစာ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

DASH အစာဆိုတာက သွေးတိုးရောဂါ လျော့ကျစေဖို့ ရည်ရွယ်ထားတဲ့ အစားအစာပုံစံကို ဆိုလိုပါတယ်။ ဒီစားနည်းပုံစံအတိုင်း လိုက်နာနေထိုင်တာက သွေးတိုးရောဂါ၊ နှလုံးရောဂါတို့လို နာတာရှည်ရောဂါတွေကို ကင်းဝေးစေရုံသာမက ကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းပေးနိုင်တဲ့အပြင် ခါးကိုပါ သွယ်လျလှပစေပါတယ်။

DASH အစာက ဘာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်ရသလဲ

DASH အစာရဲ့ ကျန်းမာရေးနဲ့ညီညွတ်ပုံက အောက်ပါအတိုင်း ဖြစ်ပါတယ်။

အဆီပါဝင်မှုလျော့နည်းတယ် (ကယ်လိုရီစုစုပေါင်းရဲ့ ၃၀ရာခိုင်နှုန်းထက် နည်းပါတယ်။)

ပြည့်ဝဆီတွေဖြစ်တဲ့ ထောပတ်၊ ဒိန်ခဲ၊ အဆီများတဲ့အသားတွေ ပါဝင်မှုလျော့နည်းတယ် (ပြည့်ဝဆီဟာ အခန်းအပူချိန်မှာခဲနေတတ်ပါတယ်။)

ပရိုတင်းဓာတ်အသင့်အတင့် ပါဝင်ပါတယ်(စုစုပေါင်းကယ်လိုရီရဲ့ ၂၀ရာခိုင်နှုန်းပါဝင်ပါတယ်။)

ကာဗိုဟိုက်ဒရိတ်ဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အတိုင်းအတာအထိ ပါဝင်ပါတယ်(စုစုပေါင်း ကယ်လိုရီရဲ့ ၅၅ ရာခိုင်နှုန်း ပါဝင်ပါတယ်။)

အမျှင်ဓာတ်ပါဝင်မှု မြင့်မားပါတယ်(အမျှင်ဓာတ် ၃၀ ဂရမ်ခန့်ပါဝင်ပါတယ်)

ဆိုဒီယမ်ပါဝင်မှု လျော့နည်းပါတယ်။

လူတစ်ယောက်ဟာ တစ်နေ့မှာ ဆိုဒီယမ် ၂၃၀ဝ မီလီဂရမ်ထက်ပိုမစားဖို့ DASH အစာလမ်းညွှန်သူတွေက ညွှန်ကြားထားပါတယ်။ DASH အစာမှာ ပိုတက်စီယမ်နဲ့ မဂ္ဂနီစီယမ် သတ္တုဓာတ် နှစ်မျိုးပါဝင်တာကြောင့် သွေးဖိအားကို ကောင်းမွန်စေပါတယ်။

DASH အစာပုံစံ

DASH အစာအတိုင်း စားမယ်ဆိုရင် နေ့စဉ်အောက်ပါအတိုင်း ပါဝင်ဖို့လိုပါတယ်။

အခွံချွတ်မထားတဲ့ ကောက်နှံစာ ၆-၈ ကြိမ်

ဟင်းသီးဟင်းရွက် ၄-၅ ကြိမ်

သစ်သီး ၄-၅ကြိမ်

အဆီနည်းနို့နဲ့ နို့ထွက်ပစ္စည်း ၂-၃ ကြိမ်

အဆီနည်း အသား၊ ဝက်၊ ငါးခြောက်အောင်စ

ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီ(ဥပမာ- သံလွင်ဆီ၊ နေကြာဆီ) ၂-၃ကြိမ်

တစ်ပတ်မှာ အောက်ပါအတိုင်း ပြည့်မီသင့်ပါတယ်။

အခွံမာသီး၊ အစေ့အဆန်၊ ပဲစားတဲ့ အကြိမ်ရေ ၄-၅ ကြိမ်

အချိုစာ(သကြားပါတဲ့ မုန့်နဲ့ဖျော်ရည်) ငါးကြိမ်ထက်မပိုရ။

ကောင်းကျိုးများ

(၁) သွေးတွင်း ကိုလက်စထရောအဆီကို လျော့ကျစေပါတယ်။

(၂) နှလုံးရောဂါအမောဖောက်တာ(Heart Attack)၊ နှလုံးရောဂါတို့နဲ့ဆက်စပ်နေတဲ့ ကျန်းမာရေးပြဿနာတွေကို လျော့ကျစေပါတယ်။

(၃) ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန်ကိုရရှိစေပြီး ခါးသေးစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top