Healthy Life Ad
Health Tips

အသက် ၅၀ အရွယ်မှာပင် ခန္ဓာကိုယ်သန်စွမ်းကြံ့ခိုင်နေစေမည့် နည်းလမ်းများ

၊ ငွေကြယ်စင်ယံ ၊

အသက် ၅၀ အရွယ်မှာတောင် ခန္ဓာကိုယ်သန်စွမ်းကြံ့ခိုင်နေစေမယ့် အကောင်းဆုံးနည်းလမ်းတွေကို အကြံပြုလိုက်ပါတယ်။

(၁) ပိုတက်ဆီယမ် မှီဝဲမှုကိုတိုးမြှင့်ပါ
ပိုတက်ဆီယမ်ဟာ ကြွက်သားတွေကို ထိန်းသိမ်းဖို့ လိုအပ်တဲ့အရာပါ။ ပိုတက်ဆီယမ်ရရှိစေဖို့ ကန်စွန်းဥ၊ ပဲသီး စတာတွေကို စားပေးပါ။

(၂) ပရိုတင်းများများ စားပါ
သင်ရည်မှန်းထားတဲ့ ကိုယ်အလေးချိန် တစ်ပေါင်တိုးလိုတဲ့အခါတိုင်း ပရိုတင်း တစ်ဂရမ်စားပေးပါ။ ကြက်ရင်ပုံသားလို အသား၊ ပဲအမျိုးမျိုး စတာတွေကိုစားပေးပါ။

(၃) ဖြည်းဖြည်းချင်း စတင်ပါ
လေ့ကျင့်ခန်းစလုပ်တဲ့အခါ ပြင်းပြင်းထန်ထန်မလုပ်ဘဲ ဖြည်းဖြည်းမှန်မှန် စတင်လုပ်ဆောင်ပါ။ ဖြည်းဖြည်းချင်း စတင်လေ့ကျင့်ခန်းလုပ်တဲ့အခါ သင့်ခန္ဓာကိုယ်ရဲ့ သန်စွမ်းမှု၊ ဟန်ချက်ညီမျှမှုနဲ့ ပျော့ပျောင်းမှုတို့ အားကောင်းလာပါလိမ့်မယ်။

(၄) ကျွမ်းကျင်သူကို မေးမြန်းပါ
ဒီအသက်အရွယ်မှာ လေ့ကျင့်ခန်းလုပ်တဲ့အခါ ကျွမ်းကျင်တဲ့ နည်းပြတစ်ဦးနဲ့အတူ လုပ်ဆောင်သင့်ပါတယ်။ ဒါမှသာ ခန္ဓာကိုယ်ကိုက်ခဲနာကျင်တဲ့ဝေဒနာ သက်သာလျော့ပါးမှာ ဖြစ်ပါတယ်။ နည်းပြက သင့်အရွယ်၊ သင့်ခန္ဓာကိုယ်အခြေအနေပေါ် အခြေခံပြီး သင့်တော်တဲ့လေ့ကျင့်ခန်းကို ရွေးချယ်ပြုလုပ်ခိုင်းမှာပါ။

(၅) အဆစ်ပေါ် သက်ရောက်မှုနည်းသည့် လေ့ကျင့်ခန်းလုပ်ပါ
ဒီအရွယ်မှ လေ့ကျင့်ခန်းစလုပ်မယ်ဆိုရင် သင့်အဆစ်တွေပေါ် ဒဏ်သက်ရောက်မှုနည်းစေမယ့် ရေကူးတာ၊ လမ်းလျှောက်တာတို့လို လေ့ကျင့်ခန်းကို စတင်လုပ်ဆောင်ပါ။ နာကျင်မှုဖြစ်လာတဲ့အခါ ချက်ချင်းရပ်လိုက်ပါ။

(၆) နှလုံးသွေးကြောသန်စွမ်းစေမည့် လေ့ကျင့်ခန်းလုပ်ပါ
ယောဂကျင့်တာနဲ့ထိုက်ချိကစားတာတွေက အသက် ၅၀ အရွယ်အတွက်သင့်တော်ပါတယ်။ ကြွက်သားတွေကို သန်စွမ်းစေတဲ့အပြင် တစ်ကိုယ်လုံးပျော့ ပျောင်းနေစေပါတယ်။ အသက်ရှူသွင်း/ရှူထုတ်လုပ်ရတဲ့ လေ့ကျင့်ခန်းနဲ့ တရားထိုင်တာတို့ပါဝင်တဲ့ ဒီလေ့ကျင့်ခန်းတွေက သင့်ကို ပိုပြီးအပန်းပြေစေပါတယ်။

(၇) မိတ်ဆွေတစ်ဦးနှင့်အတူ လေ့ကျင့်ခန်းလုပ်ပါ
မိတ်ဆွေနဲ့အတူ လေ့ကျင့်ခန်းလုပ်တာကြောင့် လေ့ကျင့်ခန်းလုပ်ရမှာ ပျင်းနေရင်တောင် တွန်းအားရပြီး လုပ်ဖြစ်ပါလိမ့်မယ်။

(၈) ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ
အသက် ၅၀ အရွယ်မှစပြီး လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ဘယ်လိုလေ့ကျင့်ခန်းမျိုးက သင့်တော်သလဲ၊ ဘယ်လောက်ကြာကြာ လုပ်သင့်သလဲ စတာတွေကို ဆရာဝန်နဲ့အရင်ဆုံးတိုင်ပင်ပြီးမှ လုပ်ဆောင်သင့်ပါတယ်။
(Ref;HD)

Most Popular

Healthy Life Ad
To Top