Healthy Life Ad
Health Tips

အလျင်အမြန် အိုမင်းရင့်ရော်စေနိုင်သည့် အစာများ

ဇွန်

“ကိုယ်စားတဲ့အတိုင်း ကိုယ်ဖြစ်တယ်”ဆိုတဲ့ စကားလိုပဲ သင်စားတဲ့အစာတွေကြောင့် ပိန်တာ၊ ဝတာ စတဲ့ပြောင်းလဲမှုတွေ ဖြစ်တတ်သလို နုပျိုတာ၊ အိုမင်းတာတွေလည်း ဖြစ်တတ်ပါတယ်။ အစားအသောက်က ကျန်းမာရေးနဲ့မညီညွတ်ရင် အသားအရေရဲ့ အိုမင်းမှုဖြစ်စဉ်ကို တိုးစေတာကြောင့် ရှောင်သင့်ပါတယ်။

အချိုစာများ

သကြားများများစားတဲ့အခါ သကြားမော်လီကျူးတွေက ပရိုတင်းတွေနဲ့ပေါင်းပြီး အရေပြားတင်းရင်းစေတဲ့ ကော်လာဂျင်ကို ထိခိုက်စေနိုင်ပါတယ်။

အရက်

အသည်းကျန်းမာမှ အသားအရေကျန်းမာမှာ ဖြစ်ပါတယ်။ အသည်းက ကောင်းကောင်းအလုပ်မလုပ်ရင် အဆိပ်အတောက်တွေက အရေပြားကို ထိခိုက်စေနိုင်ပါတယ်။ အသည်းမှာ အဆိပ်အတောက်တွေစုပုံပြီး ကောင်းစွာ မချေဖျက်နိုင်ရင် အသားအရေမှာ ဝက်ခြံပေါက်တာ၊ ရောင်ရမ်းတာနဲ့ အရေးကြောင်းထင်တာတို့ ဖြစ်တတ်ပါတယ်။ အရက်က ရေဓာတ်ခမ်းခြောက်ပြီး အိပ်ရေးပျက်စေတဲ့အတွက် အသားအရေ အိုမင်းရင့်ရော်တာနဲ့ ဆက်စပ်နေတာလည်း ဖြစ်ပါတယ်။

မီးတူးနေသော အသား

မီးတူးနေတဲ့အသားတွေမှာ ရောင်ရမ်းမှုဖြစ်စေတဲ့ ဟိုက်ဒရိုကာဗွန်တွေ ပါဝင်တာကြောင့် အရေပြားရှိ ကော်လာဂျင်ဓာတ်တွေကို ပြိုကွဲစေနိုင်ပါတယ်။

ဆားငန်သောအစာ

ဆိုဒီယမ်(ဆား)များများပါတဲ့ စည်သွပ်ဘူးထဲက အစာတွေဟာ ရေဓာတ်ဆွဲစေပြီး ဖောင်းအစ်တဲ့အသွင်အပြင်ကို ဖြစ်စေနိုင်ပါတယ်။

ပြုပြင်ထားသော အသား

ဝက်ပေါင်ခြောက်၊ ဝက်အူချောင်း အစရှိတဲ့ ပြုပြင်ထားတဲ့အသားတွေမှာ ဆာလဖိုက်ဒ်နဲ့ တခြားတာရှည်ခံပစ္စည်းတွေ ပါဝင်တဲ့အတွက် အသားအရေကို ရောင်ရမ်းစေပြီး အိုမင်းမှုတိုးစေပါတယ်။ ဆားပါဝင်မှုလည်း များတဲ့အတွက် ရုပ်ရည်ကို ဖောင်းအစ်စေပါတယ်။

ပူစပ်လွန်းသော အစာ

ပူစပ်လွန်းတဲ့ အစာတွေက အသားအရေကို နီမြန်းစေပါတယ်။ အထူးသဖြင့် သွေးဆုံးချိန်အတွင်း ဒီထိခိုက်မှုက ပိုဆိုးစေနိုင်ပါတယ်။ အကြောင်းကတော့ အရေပြားရှိ သွေးကြောတွေက တုံ့ပြန်လွယ်တာကြောင့် ဖြစ်ပါတယ်။ ပူစပ်တဲ့အစာတွေက သွေးကြောတွေကို ကျယ်စေပြီး အရေပြားဖောင်းအစ်တာနဲ့ နီမြန်းတာတို့ကို ဖြစ်စေနိုင်ပါတယ်။

အနီရောင် အသား

အဆီများတဲ့ အနီရောင်အသားတွေက ဖရီးရယ်ဒီကယ်တွေကိုထုတ်ပေးပြီး ဆဲလ်ကောင်းတွေကို ထိခိုက်စေတဲ့အတွက် နောက်ဆုံးမှာ အရေပြားရဲ့ ကာကွယ်နိုင်စွမ်း ထိခိုက်သွားပါတော့တယ်။

(Ref;health)

Most Popular

Healthy Life Ad
To Top