Healthy Life Ad
International

နှလုံးလုပ်ငန်းဆောင်တာ ပျက်စီးနိုင်ခြေများသည့်အတွက် သက်လတ်ပိုင်းအရွယ်များ ဆေးလိပ်ဖြတ်သင့်

၊ ကိုထက် ၊

ဆေးလိပ်သောက်တဲ့ သက်လတ်ပိုင်းအရွယ်တွေက ဘယ်တုန်းကမှ ဆေးလိပ်မသောက်ဖူးတဲ့ သက်တူရွယ်တူတွေထက် နှလုံးရဲ့ လုပ်ငန်းဆောင်တာ ထိခိုက်ပျက်စီးနိုင်ခြေပိုများကြောင်း လေ့လာမှုအသစ်တစ်ခုက ဆိုလိုက်ပါတယ်။

နှလုံးရဲ့လုပ်ငန်းဆောင်တာ ထိခိုက်ပျက်စီးတဲ့အခါ နှလုံးကသွေးတွေကို အလုံအလောက် မညှစ်ထုတ်နိုင်တော့ပါဘူး။ “ဆေးလိပ်သောက်တာကြောင့် သွေးလွှတ်ကြောကျဉ်းမြောင်းမှုကို ဖြစ်စေတယ်လို့ အရင်လေ့လာမှုတွေအရ သိရှိပြီးဖြစ်ပါတယ်။ ဒါပေမဲ့ နှလုံးအပေါ် ဆိုးရွားတဲ့ သက်ရောက်မှု ရှိ၊ မရှိ သေချာတဲ့ အလေးထားမှု မရှိခဲ့ကြပါဘူး”လို့ အမေရိကန် မစ္စစ္စပီ ဆေးစင်တာတက္ကသိုလ်မှ နှလုံးအထူးကု ဆရာဝန် မီရှဲလ်က ဆိုပါတယ်။

လတ်တလောဆေးလိပ်သောက်သူတွေက နှလုံးလုပ်ငန်းဆောင်တာ ပျက်စီးနိုင်ခြေ သုံးဆနီးပါး ပိုများကြောင်း၊ အထူးသဖြင့် တစ်နေ့မှာ စီးကရက်တစ်ဘူး (ဒါမှမဟုတ် တစ်ဘူးကျော်) သောက်သူတွေက နှလုံးလုပ်ငန်းထိခိုက်မှုကြောင့် ဆေးရုံတက် ကုသမှုခံယူရနိုင်ခြေ သုံးဆပိုများကြောင်း လေ့လာမှုအသစ်အရ သိရပါတယ်။ လက်တလော ဆေးလိပ်သောက်နေသူတွေရဲ့ နှလုံးဘယ်ဘက် သွေးညှစ်ခန်းဟာ ကောင်းကောင်းအလုပ်မလုပ်တဲ့ အစောပိုင်းလက္ခဏာတွေကို ပြသနေတယ်လို့သိရပါတယ်။

သွေးလှည့်ပတ်မှုဂျာနယ်ရဲ့ လေ့လာမှုမှာ အသက် ၅၄ နှစ်အရွယ် လူဦးရေ ၄၁၂၉ ဦး ပါဝင်ပြီး လေ့လာမှုအရ ဆေးလိပ်ကို တစ်နေ့တစ်ဘူးနဲ့ ၁၅ နှစ်ခန့် သောက်သုံးခဲ့သူတွေဟာ နှလုံးထိခိုက်ပျက်စီးမှုကြောင့် ဆေးရုံတက်ရနိုင်ခြေ နှစ်ဆပိုများကြောင်း လေ့လာတွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်တဲ့ သက်လတ်ပိုင်းအရွယ်တွေက နှလုံးကျန်းမာရေးအတွက် ဆေးလိပ်ဖြတ်သင့်ကြောင်း လေ့လာသူတွေက အကြံပြုထားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top