Healthy Life Ad
Health Tips

အစာမကြေ ဗိုက်အောင့်ဝေဒနာအတွက် ချင်းပြုတ်ရည်

၊ ငွေကြယ်စင်ယံ ၊

ပါဝင်ပစ္စည်းများ

– ချင်း(ဂျင်း)

– ပျားရည်

ပြုလုပ်နည်း

(၁) ချင်းအလတ်စားအရွယ်တစ်ခုကို အခွံနွှာပြီး ပါးပါး လှီးပါ။

(၂) ရေတစ်ခွက်ကို ဆူအောင်တည်ပါ။

(၃) ပြီးရင် ပါးပါးလှီးထားတဲ့ ချင်းတွေကိုထည့်ပြီးအချိန် သုံးမိနစ်ကြာ ပြုတ်ပေးပါ။

(၄) မီးဖိုပေါ်ကချပြီး အရည်တွေကို စစ်ကာ ပျားရည် အနည်းငယ်ထည့်ပေးပါ။ ရလာတဲ့ ချင်းပြုတ်ရည်ကို တစ်နေ့ နှစ်ကြိမ် – သုံးကြိမ်ခန့် သောက်ပေးရင် ဗိုက်အောင့်တာကို သက်သာစေပြီး အစာမကြေတဲ့ ဝေဒနာကို ပျောက်စေပါတယ်။

Most Popular

Healthy Life Ad
To Top