Healthy Life Ad
Health Tips

အစာမကြေခြင်းအတွက် သဘာဝဆေးတစ်လက်

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

အစာမကြေတဲ့ ဝေဒနာက အခံရခက်တဲ့ ဝေဒနာပါ။ ရင်ပူတာနဲ့ အစာမကြေတာက မတူပါဘူး။ ရင်ပူတာက ရင်ဘတ်အလယ်နေရာမှာ ပူလောင်နာကျင်တဲ့ ခံစားချက်ကို ဖြစ်စေပြီး အစာမကြေတာက အစာစားပြီး မသက်မသာပြည့်အင့်နေတာ၊ လေပွတာ စတဲ့ ဝေဒနာတွေကို ဖြစ်စေပါတယ်။ အစာမကြေတဲ့အခါ နေရထိုင်ရ မအီမသာဖြစ်ပြီး စိတ်သွားတိုင်း ကိုယ်မပါဖြစ်တတ်တာကြောင့် သဘာဝဖြေရှင်းနည်းတွေကို မျှဝေပေးလိုက်ပါတယ်။ ကိုယ်နဲ့အဆင်ပြေတဲ့ နည်းလမ်းကို ကျင့်သုံးနိုင်ပါတယ်။

သဘာဝဆေး (၁) ဆေးဖက်ဝင်ဟင်းခတ်အမွှေးအကြိုင်များ

စမုန်စပါး၊ ငရုတ်ကောင်း၊ ကရဝေးစေ့၊ ပိတ်ချင်း၊ ချင်း(ဂျင်း)စတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို ဟင်းထဲထည့်စားပေးတာက အစာမကြေတာကို သက်သာစေပါတယ်။

သဘာဝဆေး (၂) အစာမစားခင် ပျားရည်နှင့် ရှလကာရည် ရောသောက်ခြင်း

မကြာခဏ အစာမကြေတဲ့ဝေဒနာကို ခံစားနေရရင် အစာမစားခင်မှာ ပျားရည်နဲ့ ရှလကာရည် လက်ဖက်စားဇွန်း တစ်ဇွန်းစီကို ရေနွေးတစ်ဖန်ခွက်နဲ့ရောပြီး ထမင်းမစားခင် မိနစ် ၃၀ အလိုမှာ သောက်ပေးပါ။ အစာမကြေတဲ့ ဝေဒနာကို သက်သာစေပါတယ်။

သဘာဝဆေး (၃) ဆော်ဒါမှုန့်

ဆော်ဒါမှုန့် လက်ဖက်စားဇွန်းတစ်ဇွန်းကို ရေတစ်ဖန်ခွက်ထဲထည့်ကာ သံပရာရည်အနည်းငယ်နဲ့ ရောပြီးသောက်ပါ။ အစာမကြေ လေထတာကို သက်သာစေပါတယ်။

သဘာဝဆေး (၄) ချင်း(ဂျင်း)

ချင်း(ဂျင်း)ကို ပါးပါးလှီးပြီး စားတာက လေထတာနဲ့ အစာအိမ်ဝေဒနာတွေကို သက်သာစေပါတယ်။ ချင်းနဲ့လုပ်ထားတဲ့ သရေစာတွေဟာ ကလေးတွေရဲ့ အစာအိမ်ဝေဒနာ အသေးအဖွဲအတွက် တကယ်ကောင်းတဲ့ ဆေးတစ်လက်ပါပဲ။

သဘာဝဆေး (၅) အစာစားတိုင်း ကြေညက်စွာ ဝါးစားခြင်း

ထမင်းစားတဲ့အခါမှာ ကြေညက်တဲ့အထိ ဖြည်းဖြည်းချင်း ဝါးစားပေးတာက အစာမကြေတာကို သက်သာစေပါတယ်။ အစာကိုလည်း အဆီအအိမ့်တွေ၊ အကင်စာတွေ ဆင်ခြင်သင့်ပါတယ်။

Most Popular

Healthy Life Ad
To Top