Healthy Life Ad
Health Tips

မည်းနေတဲ့ ဝက်ခြံအမာရွတ်တွေကို သဘာဝနည်းနဲ့ ဘယ်လို ဖယ်ရှားကြမလဲ

၊ ငွေကြယ်စင်ယံ ၊
ဒီနေ့ခေတ်မှာ ဝက်ခြံအမာရွတ်မည်းမည်းတွေ ကိုလျော့ပါးအောင်လုပ်နိုင်တဲ့ အလှကုန်မျိုးစုံကို အလွယ်တကူ ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ တချို့အလှကုန်တွေမှာ ကြမ်းတမ်းတဲ့ ပါဝင်ပစ္စည်းတွေပါတာကြောင့် ကောင်းမွန်တဲ့ အသားအရေကိုပါ ထိခိုက်စေနိုင်ပါတယ်။ အဲဒီလိုမဖြစ်စေဖို့ ဝက်ခြံအမာရွတ်မည်းမည်းတွေ လျော့ပါးသက်သာစေမယ့် သဘာဝနည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

သံပရာရည်သုံးပါ
သံပရိုရည်၊ သံပရာရည်ထဲမှာ တွေ့ရတဲ့ စစ်ထရစ်အက်ဆစ်ဟာ ဝက်ခြံအမာရွတ်မည်းမည်းတွေကို မှိန်ဖျော့စေမယ့် သဘာဝ ကြေးချွတ်အာနိသင်ပေးစွမ်းနိုင်ပါတယ်။ လက်ချောင်းထိပ် ဒါမှမဟုတ် ဂွမ်းစ နဲ့လတ်လတ်ဆတ်ဆတ် ညှစ်ထားတဲ့ သံပရာရည်ကို တို့ယူပြီး ဝက်ခြံအမာရွတ်တွေပေါ် လိမ်းပေးပါ။ အချိန် ၁၀ မိနစ်ကြာမှ ကြက်သီးနွေးရေနဲ့ ဆေးကြောပေးရမှာဖြစ်ပါတယ်။ တစ်နေ့မှာ အကြိမ်များများပြုလုပ်ပေးပါ။

ဆော်ဒါမှုန့်လိမ်းပါ
အရေပြားကို ညင်ညင်သာသာ ကြေးချွတ်ပေးတာကြောင့် ဝက်ခြံအမာရွတ်မည်းတွေကို မှိန်ဖျော့ သွားစေပါတယ်။ ဆော်ဒါမှုန့်ကို သုံးပြီး ကြေးချွတ်နိုင်ပါတယ်။ ပြုလုပ်ရမယ့်နည်းက ဆော်ဒါမှုန့်လက်ဖက် စားဇွန်းတစ်ဇွန်းထဲ ရေအနည်းငယ်ထည့်ကာ စေးပျစ်အောင် မွှေပေးပါ။ ပြီးရင် ဝက်ခြံအမာရွတ်မည်း တွေပေါ်ကို သုတ်လိမ်းပြီး အသားအရေကို ညင်ညင်သာသာ နှိပ်နယ်လိုက်ပါ။ ပြီးမှ ကြက်သီးနွေးရေနဲ့ ဆေးကြောပေးရမှာဖြစ်ပါတယ်။ တစ်ပတ်မှာ ၂-၃ ကြိမ်ခန့် လုပ်ဆောင်ပေးပါ။


သံလွင်ဆီ၏အစွမ်းကို ယုံကြည်ပါ

ဟင်းချက်ရာမှာ သံလွင်ဆီကို ထည့်သုံးတာကြောင့် နှလုံးသွေးကြောစနစ်ကို ကျန်းမာစေသလို သံလွင်ဆီကို အမာရွတ်မည်းမည်းတွေပေါ်လိမ်းပေးရင် အမာရွတ်မှိန်ဖျော့ကာ အသားအရေ ကြည်လင် တောက်ပစေပါတယ်။ အမာရွတ်တွေပေါ် သံလွင်ဆီ ခပ်ပါးပါးလိမ်းပြီး အသားအရေကို နှိပ်ပေးကာ အချိန် ငါးမိနစ်ကြာမှ ရေနဲ့ဆေးလိုက်ပါ။

ပျားရည်လိမ်းပါ
ဝက်ခြံအမာရွတ်မည်းတွေပေါ် ပျားရည်နဲ့ဆော်ဒါမှုန့်ကို ဆတူရောပြီး သုတ်လိမ်းပေးပါ။ ပြီးမှရေနဲ့ ဆေးကြောလိုက်ရမှာ ဖြစ်ပါတယ်။
( Ref;HD )

Most Popular

Healthy Life Ad
To Top