Healthy Life Ad
Life Style

၀က်ခြံအမာရွတ် လျော့ပါးစေမယ့် သဘာဝနည်းများ

———၊ လရိပ်မေ ၊———

ဝက်ခြံကြောင့် အမာရွတ်ထင်ပြီဆိုရင် အချိန်ကြာတဲ့အထိ မျက်နှာပေါ်မှာ ရှိနေတတ်ပါတယ်။ ဒါကြောင့် ဝက်ခြံပေါက်တဲ့အခါ လက်နဲ့မဖဲ့ဆိတ်ဖို့ သတိပေးကြတာပါ။ လက်နဲ့ဖဲ့ဆိတ်လိုက်ရင် ဝက်ခြံပျောက်သွားတဲ့အခါ အမာရွတ်ထင်ကျန်ရစ်နိုင်ခြေ ပိုများပါတယ်။ ဝက်ခြံအမာရွတ်တွေ လျော့ပါးသွားစေဖို့ လိုက်နာသင့်တဲ့ သဘာဝနည်းတွေကို ရေးသားလိုက်ရပါတယ်။

(၁) ပျားရည်က အသားအရေအတွက် ထိရောက်မှုရှိသလို အမာရွတ်တွေကို လျော့ပါးစေတဲ့ အစွမ်းရှိပါတယ်။ အသုံးပြုရမယ့်နည်းကတော့ ဝက်ခြံအမာရွတ်တွေပေါ် ပျားရည်လိမ်းပြီး အချိန် ၁၀ မိနစ် ကြာကြာထားပေးပါ။

(၂) ဗီတာမင် အေ များများပါဝင်တဲ့ ခရမ်းချဉ်သီးမှာ အကောင်းဆုံးအနာကျက်စေတဲ့ အစွမ်းရှိပြီး ဝက်ခြံအမာရွတ်တွေကို လျော့ပါးစေပါတယ်။ နေ့တိုင်း ခရမ်းချဉ်သီးကို အစိမ်းလိုက်ဖြစ်ဖြစ်၊ ချက်ပြီးဖြစ်ဖြစ် စားပါ။

(၃) ရှားစောင်းလက်ပပ်က အရေပြားအပြစ်အနာအဆာ အားလုံးအတွက် ကောင်းမွန်တဲ့ အိမ်သုံးပစ္စည်းပါ။ ဝက်ခြံအမာရွတ်ရှိတဲ့ အရေပြားပေါ်ကို ရှားစောင်းလက်ပပ်အနှစ်သား သုတ်လိမ်းပေးပါ။

(၅) သကြားဓာတ်မပါတဲ့ သံပရာရည်၊ လိမ္မော်ရည်နဲ့ မန်ကျဉ်းဖျော်ရည်တို့ကို သောက်ပါ။

(၆) မျက်နှာပြင်ပေါ်ကို ရေခဲတုံး ပုံမှန်ကပ်ပေးတာက အချိန်ကြာလာချိန်မှာ သင့်တော်တဲ့ ရလဒ်ကောင်းကို ရရှိစေပါတယ်။ နေ့စဉ် ဝက်ခြံအမာရွတ်တွေပေါ်မှာ ရေခဲတုံးကို အချိန် ၁၀-၁၅ မိနစ်ခန့် ကပ်ပေးပါ။

Most Popular

Healthy Life Ad
To Top