Healthy Life Ad
Q & A

အမာရွတ်အသားသီး (Keloid) အကြောင်း သိကောင်းစရာ

—၊ ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ် ကုသိုလ်ဖြစ်ဆေးခန်း တာဝန်ခံ)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—

Q. အမာရွတ်အသားသီး(Keloid)က ဘာကြောင့် ဖြစ်ရတာပါလဲ ဆရာ။

A. လူ့ခန္ဓာကိုယ် အရေပြားမှာ တစ်ခုခု ထိခိုက်ဒဏ်ရာရသွားရင် ခန္ဓာကိုယ်ထဲက တွယ်ဆက်တစ်သျှူးတွေက ပြန်ပြီး ကောင်းစေအောင် ပြုပြင်တဲ့အခါ အမာရွတ်ဖြစ်လာပါတယ်။ အမာရွတ်ဖြစ်တဲ့အခါ ပုံမှန်အမာရွတ်ဆိုရင်တော့ အချိန်အတိုင်းအတာ တစ်ခုရလာတဲ့အခါ သူ့ဘာသာသူ ပျောက်သွားပါတယ်။ ပုံမှန်အရေပြားအတိုင်း ကျန်ခဲ့တယ်၊ တစ်ခါတလေမှာတော့ နည်းနည်းလေး အစွန်းအထင်းကျန်ခဲ့တာ ရှိပါတယ်။ ကီးလွိုက်အမာရွတ် အသားသီးကျတော့ အဲဒီလို မဟုတ်ဘူး။ ပိုပြီး ဖောင်းပြီးကြွနေတတ်ပါတယ်၊ ရုပ်ပျက်ဆင်းပျက်လည်း ဖြစ်နေတတ်ပါတယ်။ အထူးသဖြင့် မြင်နိုင်တဲ့ အရေပြားနေရာတွေဖြစ်တဲ့ လည်ပင်း၊ ပခုံးနဲ့ ပါး စတဲ့ မြင်သာထင်သာရှိတဲ့ နေရာတွေမှာဆိုရင် စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ တချို့တွေက ခွဲစိတ်ကုသမှုတွေ လုပ်ရတဲ့အခါမှာလည်း အမာရွတ်အသားသီး ဖြစ်တတ်ပါတယ်။

“အမာရွတ်အသားသီး ကီးလွိုက်တွေ ဖြစ်တာက ကျန်းမာရေးအတွက် အန္တရာယ်မရှိပါဘူး။ အလှအပပိုင်း ဆိုင်ရာမှာတော့ စိတ်အနှောင့်အယှက် ဖြစ်ရတာပါပဲ။ ဥပမာ-နားဖောက်လိုက်လို့ မတော်တဆ အမာရွတ်အသားသီးကီးလွိုက်ဖြစ်ရင် နားမှာ ကြည့်ရဆိုးစေပါတယ်။ တစ်ခါတလေကျရင်” . . .

Q. အမာရွတ်အသားသီးတွေ ဖြစ်တာက ကျန်းမာရေးအန္တရာယ် ရှိပါသလား။

A. အမာရွတ်အသားသီး ကီးလွိုက်တွေ ဖြစ်တာက ကျန်းမာရေးအတွက် အန္တရာယ်မရှိပါဘူး။ အလှအပပိုင်း ဆိုင်ရာမှာတော့ စိတ်အနှောင့်အယှက် ဖြစ်ရတာပါပဲ။ ဥပမာ-နားဖောက်လိုက်လို့ မတော်တဆ အမာရွတ်အသားသီးကီးလွိုက်ဖြစ်ရင် နားမှာ ကြည့်ရဆိုးစေပါတယ်။ တစ်ခါတလေကျရင် လက်ကို ဓားထိတာကြောင့် ကီးလွိုက်အမာရွတ်အသားသီး ဖြစ်တတ်ပါတယ်။ ပြီးတော့ ရင်ဘတ်၊ ပခုံး၊ ပါး၊ လည်ပင်း စတဲ့ မြင်သာထင်သာရှိတဲ့ နေရာတွေမှာ ဖြစ်လေ့ရှိတဲ့အတွက် တချို့က ရှက်ကြတာပါ။ စိတ်အနှောင့်အယှက်လည်း ဖြစ်တတ်ကြပါတယ်။

Q. တချို့လူတွေမှာ ကီးလွိုက်အမာရွတ်အသားသီး ဖြစ်နှုန်းပိုများပြီး တချို့လူတွေမှာတော့ ဖြစ်နှုန်းနည်းတာကို တွေ့ရပါတယ်။ အဲဒါ ဘာကွာခြားမှုရှိလို့ပါလဲ ဆရာ။

A. ဟုတ်ပါတယ်။ ကီးလွိုက်အမာရွတ်အသားသီး ဖြစ်သူတွေက သူများထက်စာရင် ဆဲလ်ပွားနှုန်းပိုများတဲ့အတွက် တုန့်ပြန်မှုက ပိုများရတာပါ။ ဒါပေမဲ့ လူတိုင်းတော့ မဖြစ်တတ်ပါဘူး။ ဖြစ်တတ်တဲ့ သူကလည်း နည်းပါတယ်။ ဖြစ်တတ်တဲ့သူတွေက အရေပြားမှာ ပုံပျက်ပန်းပျက် ကြည့်ရဆိုးတဲ့အတွက် အနာမဖြစ်အောင် ဆင်ခြင်နေထိုင်ဖို့ လိုအပ်ပါတယ်။

Q. မတော်တဆ ထိခိုက်ဒဏ်ရာရသွားခဲ့ရင် ဆိုးရွားတဲ့ အမာရွတ်အသားသီးတွေ မဖြစ်အောင် ကြိုတင်ကာကွယ်လို့ကော ရပါသလား ဆရာ။

A. အနာဖြစ်ပြီ၊ ဒဏ်ရာရပြီဆိုရင် အဲဒီအနာကို သေချာဆေးကြောပေးရပါမယ်၊ ပြီးရင် အနာထဲကို ဆေးထည့်ပေးရပါမယ်။ လိုအပ်ရင် သောက်ဆေးတွေကို သောက်ရပါမယ်။ အထူးသဖြင့် အရင်က ကီးလွိုက်အမာရွတ်အသားသီး ဖြစ်ဖူးတဲ့ ရာဇဝင်ရှိရင် ထိခိုက်ဒဏ်ရာမရအောင် အထူးသတိထားရပါမယ်။

Q. ကီးလွိုက်အမာရွတ်အသားသီးကို ဖယ်ရှားချင်တယ်ဆိုရင်ကော ဘယ်လိုနည်းလမ်းတွေ ပြုလုပ်လို့ ရပါသလဲ ဆရာ။

A. ကိုယ်ပြနေကျ မိသားစုဆရာဝန် ဒါမှမဟုတ် အရေပြားဆရာဝန်တွေနဲ့ တိုင်ပင်ဖို့ လိုအပ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်နဲ့ တိုင်ပင်ပြီး သင့်တော်တဲ့ ကုထုံးခံယူဖို့ တိုက်တွန်းလိုပါတယ်။

Most Popular

Healthy Life Ad
To Top