၊ ငွေကြယ်စင်ယံ ၊ အထူးတလည် ပြင်ဆင်နေတာမဟုတ်ဘဲနဲ့ တောင် ဆွဲဆောင်မှုရှိနေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ အမျိုးသမီးတချို့ရဲ့ လျှို့ဝှက်ချက်တွေကို ရေးသားလိုက်ရပါတယ်။ အသိဉာဏ်ရှိခြင်း စာဖတ်ပါ၊ စစ်မှန်တဲ့ အနုပညာကို လေ့လာလိုက်စားပါ၊ ဗဟုသုတရှာမှီးပါ၊ အသိဉာဏ်ရှိအောင် ဖြည့်တင်းနေထိုင်တာကြောင့် စကားပြောရာမှာ ပညာရှိဆန်ဆန်ပြောဆိုတတ်ပါလိမ့်မယ်။...
၊ လရိပ်မေ ၊ ဆေးလိပ်သောက်သူတွေက ဆေးလိပ်သောက်ရတာကို သဘောကျပြီး စွဲလမ်းနေပါလိမ့်မယ်။ ဒါပေမဲ့ ဆေးလိပ်ကတော့ သင့်နှလုံးကို ကြင်နာနေမှာမဟုတ်ပါဘူး။ ဆေးလိပ်သောက်တာကြောင့် နှလုံးအပေါ် ထိခိုက်စေနိုင်တဲ့အချက်တွေကို အမေရိကန်အမျိုးသား နှလုံး၊ အဆုတ်နဲ့ သွေးဆိုင်ရာတက္ကသိုလ်က အောက်ပါအတိုင်းရေးသားထားပါတယ်။ – ဆေးလိပ်သောက်တာကြောင့် သွေးတွေခဲသွားပြီး...
ပါမောက္ခဦးကိုကိုမောင် (မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်ကြီး) ခံတွင်းနံ့ နံရတဲ့ အကြောင်းရင်းတွေ ရှိပါတယ်။ – ပါးစပ်ပိတ်ထားသဖြင့် ခံတွင်းနံ့နံခြင်း ခံတွင်းဆိုတာ သဘာဝအတိုင်းပိတ် ထားရင်နံတတ်ပါတယ်။ လေဝင်လေ ထွက်အမြဲရှိနေရင် ခံတွင်းနံ့နံတာ သက် သာပါတယ်။ ပါးစပ်ကို ပိတ်ထားပြီး ပါးစပ်ကို ဖွင့်ဟယ်၊...
မေး ။ ကျွန်တော်က သက်ကြီးရွယ်အိုတစ်ဦးဖြစ်ပြီး ပါးစပ်ထဲကရှိတဲ့ သွားတွေအနက် သွားတစ်ချောင်းကို သွားတုနဲ့ ပြုလုပ်ပြီး အစွပ်စွပ်တဲ့အခါမှာ အဲဒီသွားတုသက်တမ်းက နှစ်နှစ်-သုံးနှစ်ခံပြီး အစွပ်စွပ်ထားတဲ့ သွားတုကိုဖြုတ်ပြီး အသစ်တစ်ဖန်ပြန်ပြီး သွားတု တစ်ချောင်းကို စွပ်ထားရတယ်လို့သိရပါတယ်။ အဲဒါ ဟုတ်ပါသလား။ နှစ်ရှည်ကြာခံသွားတုရှိပါသလား။ ဦးသန့်ဇင်၊...
မေး။ ။လူနေထူထပ်တဲ့ အဆောင်လိုနေရာတွေမှာ တစ်ယောက်ပြီး တစ်ယောက် ဝဲပေါက်နေကြပါတယ်။ ဝဲမပေါက်အောင် ဘယ်လို ကာကွယ်သင့်ပါသလဲရှင့်။ မသူဇာ၊ တွံတေး။ ပါမောက္ခဒေါ်မြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီး)ဖြေကြားသည်။ ဖြေ။ ။ တစ်ခါတလေ ဝဲရောဂါက လူပေါင်းများစွာ စုဝေးနေထိုင်တဲ့ ကျောင်းတွေ၊ ဆေးရုံတွေမှာ...
ဆရာဝန်ထံသို့ အမျိုးသမီးတစ်ယောက် ရောက်လာသည်။ ” ကျွန်မ အဆီကျဆေးလိုချင်လို့ပါ။ တစ်ကယ်ထိရောက်ပြီး အဆီကျစေမယ့် ဆေးလေးညွှန်ပေးပါဆရာရယ်” ” တကယ်ထိရောက်တဲ့ ဆေးတော့ရှိတယ်ဗျ၊ ဒါပေမဲ့ ဆေးညွှန်းအတိုင်း တိတိကျကျလိုက်နာနိုင်မှ ထိရောက်တာ” ” အဆီသာတကယ်ကျမယ်ဆို လိုက်နာနိုင်ပါတယ်ဆရာ” ” ဟုတ်ပြီဗျာ..ဒီလိမ်းဆေးကိုယူသွား၊ အရင်ဦးဆုံး...
၊ သဒ္ဒါထက် ၊ ဘီကီနီဝတ်ထားရင်တောင် အဆီပိုမရှိဘဲ ကျစ်လျစ်ကြည့်ကောင်းနေတဲ့ ကိုယ်လုံးမျိုး ပိုင်ဆိုင်ချင်ပါသလား။ အဲဒီလို ခန္ဓာကိုယ်အလှမျိုး ပိုင်ဆိုင်စေဖို့ အိမ်မှာ အလွယ်တကူလေ့ကျင့်နိုင်တဲ့ လေ့ကျင့်ခန်းတွေရှိပါတယ်။ – လုံးဝန်းပြည့်တင်းသော တင်ပါးအလှ (၁) မူလအနေအထား– ကြမ်းပြင်ပေါ် လေးဖက်ထောက်အနေအထားနဲ့နေပါ။ ကျောပြင်ကို...
၊ ကိုမိုး ၊ ဆေးပညာဟာ နာမကျန်းဖြစ်တဲ့ ဝေဒနာအများစုကို ကုသဖို့အတွက်ဖြစ်ပါတယ်။ ဒါပေမဲ့ ဝေဒနာလုံးဝမဖြစ်အောင် အလုံးစုံကာကွယ်ပေးနိုင်တဲ့ဆေးဆိုတာတော့ မရှိသေးပါဘူး။ ဝေဒနာတွေမဖြစ်အောင်၊ ဝေဒနာဖြစ်လာချိန်မှာ ကျန်းမာရေးအမြန် ကောင်းလာအောင် အမျိုးသားတွေအနေနဲ့ အောက်ပါအကြံပြုချက်တွေကိုလိုက်နာသင့်ပါတယ်။ ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ အမျိုးသားအများစုဟာ ဆေးခန်းသွားဖို့ တွန့်ဆုတ်လေ့ရှိပါတယ်။...
၊ ငွေကြယ်စင်ယံ ၊ ဆီရိုတိုနင်ဆိုတာ စိတ်ခံစားမှုနဲ့ ပျော်ရွှင်ကြည်နူးမှုတို့အတွက် အရေးပါတဲ့ဓာတ်တစ်မျိုးဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဆီရိုတိုနင် အတက်အကျဖြစ်တာက လူတစ်ယောက်ရဲ့စိတ်ခံစားမှု၊ အိပ်စက်မှုနဲ့ လေ့လာသင်ယူနိုင်စွမ်းတို့အပေါ် သက်ရောက်မှုဖြစ်ပေါ်စေပါတယ်။ ဆီရိုတိုနင်အဆင့်ကို မြင့်တက်အောင် လုပ်ဆောင်ပေးနိုင်မယ့် သဘာဝအစာတွေရှိပါတယ်။ – သစ်သီးများ သစ်သီးတွေမှာ ဗီတာမင်နဲ့သတ္တုဓာတ်အပြင်...
ပါမောက္ခဦးအေးမွန် (ခွဲစိတ်အထူးကုဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း မေး။ ။ အမျိုးသားတွေမှာဖြစ်တဲ့ ပေါင်ခြံအူကျခြင်းကို သိပါရစေ ဆရာ။ ဖြေ။ ။ ပေါင်ခြံတွေကြားထဲမှာ ကြွက်သားတွေရှိပါတယ်။ အဲဒီ ကြွက်သားတွေထဲမှာ လမ်းကြောင်းလေးတစ်ခုရှိပါတယ်။ လူတိုင်းမှာရှိပါတယ်။ အထူးသဖြင့် ယောကျာ်းလေးတွေရဲ့ ပေါင်ခြံကနေ ဝှေးစေ့အထိ ဆက်သွယ်ထားတဲ့...