Healthy Life Ad
Life Style

ခံတွင်းနံ့နံရခြင်းအကြောင်းရင်းများ

ပါမောက္ခဦးကိုကိုမောင် (မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်ကြီး)

ခံတွင်းနံ့ နံရတဲ့ အကြောင်းရင်းတွေ ရှိပါတယ်။

– ပါးစပ်ပိတ်ထားသဖြင့် ခံတွင်းနံ့နံခြင်း
ခံတွင်းဆိုတာ သဘာဝအတိုင်းပိတ် ထားရင်နံတတ်ပါတယ်။ လေဝင်လေ ထွက်အမြဲရှိနေရင် ခံတွင်းနံ့နံတာ သက် သာပါတယ်။ ပါးစပ်ကို ပိတ်ထားပြီး ပါးစပ်ကို ဖွင့်ဟယ်၊ ပြုဟယ်မလုပ်ဖူးဆိုရင် လေမဝင်ဘဲ အထဲမှာ လှောင်နေပြီး ခံတွင်းနံ့ နံတတ်ပါတယ်။
မနက်အိပ်ရာ ထခါစမှာ ခံတွင်းနံ့ နံတာက ပုံမှန်ပါပဲ။ ညဘက်အိပ်ခါနီး သွားတိုက်ပြီးအိပ်ရင် ခံတွင်းနံ့က သက် သာမယ်၊ သွားမတိုက်ဘဲ အိပ်ရင်ခံတွင်းနံ့ နံတာ ပိုဆိုးမယ်။ အဲဒီအချိန်မှာ သွားမတိုက်ပေမယ့် မနက်စာ စားလိုက်ရင် ခံတွင်းနံ့ နံတာ သက်သာသွားပါတယ်။

– ခံတွင်းသန့်ရှင်းရေး မကောင်းသဖြင့် ခံတွင်းနံ့ နံခြင်း
နောက်တစ်ချက် ခံတွင်းသန့်ရှင်းရေး မကောင်းဘူး၊ သွားတွေက ကျောက်တွေ၊ ဂျိုးတွေကပ်နေရင်လည်း ခံတွင်းနံ့ နံ တတ်တယ်။ ဒါကတော့ ခံတွင်းမသန့်ရှင်း လို့ ဖြစ်တာပါ။

– ရောဂါဝေဒနာကြောင့် ခံတွင်းနံ့ နံခြင်း
အဆုတ်ရောဂါဝေဒနာတွေ ဖြစ်ရင်လည်း ခံတွင်းနံ့ နံတတ်တယ်။ အအေးမိတဲ့အခါ နှာခေါင်းဘေးမှာ ရှိတဲ့ လေအိတ် တွေရောင်ရင်၊ လေအိတ် အခေါင်းထဲမှာ ပြည်တွေရှိနေရင် ကိုယ့်ဘာသာအသက် ရှူရင်ကိုနံနေတတ်တယ်။ သူများကပိုနံပါတယ်။

– ခံတွင်းကင်ဆာကြောင့် ခံတွင်းနံ့ နံခြင်း
ခံတွင်းထဲမှာ ကင်ဆာရောဂါတွေ ဖြစ်နေရင်လည်း ခံတွင်းနံ့ နံတတ်ပါတယ်။

– အစားအသောက်ကြောင့် ခံတွင်းနံ့ နံခြင်း
အနံ့ပြင်းတဲ့ အစားအသောက်တွေ စားတာကြောင့် ခံတွင်းနံ့ နံတတ်ပါတယ်။

ခံတွင်းနံ့ မနံအောင်
ပါးစပ်ကို တစ်ချိန်လုံး ပိတ်မထားဘဲနဲ့ စကားပြောပေးရင် ခံတွင်းနံ့ နံတာ သက်သာတယ်။ ရေများများ သောက်ပေးရပါမယ်။ အသီးအရွက် အသီးအနှံတွေ များများ စားပေးရပါမယ်။

အရေးကြီးဆုံးက ခံတွင်းသန့်ရှင်း ဖို့နဲ့ သွားဖုံးရောဂါမရှိဖို့ပဲ ဖြစ်ပါတယ်။

ခံတွင်းနံ့ နံတာ မသက်သာဘူးဆိုရင် သွားဆရာဝန်နဲ့ပြရမယ်။ သွားဆရာဝန်က သွားနဲ့ခံတွင်းကြောင့် မဟုတ်ဘူးဆိုရင် နား၊ နှာခေါင်း ဆရာဝန်နဲ့ပြရမယ်။ အဲဒါမှ မဟုတ်ဘူးဆိုရင် အဆုတ်ကောင်းလား၊ မကောင်းလားဆိုတာ သမားတော်တွေနဲ့ ပြရမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top