Healthy Life Ad
Life Style

ဆွဲဆောင်မှုရှိပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသည့် အမျိုးသမီးတို့၏ လျှို့ဝှက်ချက်များ

၊ ငွေကြယ်စင်ယံ ၊

အထူးတလည် ပြင်ဆင်နေတာမဟုတ်ဘဲနဲ့ တောင် ဆွဲဆောင်မှုရှိနေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ အမျိုးသမီးတချို့ရဲ့ လျှို့ဝှက်ချက်တွေကို ရေးသားလိုက်ရပါတယ်။

အသိဉာဏ်ရှိခြင်း
စာဖတ်ပါ၊ စစ်မှန်တဲ့ အနုပညာကို လေ့လာလိုက်စားပါ၊ ဗဟုသုတရှာမှီးပါ၊ အသိဉာဏ်ရှိအောင် ဖြည့်တင်းနေထိုင်တာကြောင့် စကားပြောရာမှာ ပညာရှိဆန်ဆန်ပြောဆိုတတ်ပါလိမ့်မယ်။ အလုပ်လုပ်ရာမှာ မှန်မှန်ကန်ကန်တွေးခေါ်မြော်မြင်နိုင်ပါလိမ့်မယ်။ ဒီလို တွေးခေါ်မြော်မြင်တတ်တဲ့ အသိဉာဏ်ရှိတာကြောင့် အများအလယ်မှာ ပိုမိုဆွဲဆောင်မှုရှိနေပါလိမ့်မယ်။

လူကြားထဲ စွမ်းရည်ပြရန် မတွန့်ဆုတ်ခြင်း
အလုပ်အကိုင်နဲ့ ဆိုင်တဲ့ ပျော်ပွဲရွှင်ပွဲတွေ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ဆုံတွေ့တဲ့ပွဲတွေ စတာတွေမှာ ကခုန်ဖို့၊ သီချင်းဆိုဖို့ဝန်မလေးပါနဲ့။ သူငယ်ချင်းမိတ်ဆွေတွေနဲ့သက်သောင့်သက်သာ ရောနှော ပျော်ရွှင်တာက သင်ရဲ့ပင်ကိုအရည်အသွေးနဲ့ အလှအပကို ပိုမို ထင်ရှားသွားစေတဲ့အချက် ဖြစ်လို့ပါ။

သင့်တော်ကောင်းမွန်သော ဘရာစီယာကို ဝတ်ဆင်ခြင်း
အမျိုးသမီးအများစုက အတွင်းခံအဝတ်အစားကို အလေးမထားတာကြောင့် မှားယွင်းတဲ့ ဘရာစီယာကို ဝတ်ဆင်နေကြပါတယ်။ အတွင်းခံဘရာစီယာက သင့်ကိုယ်လုံးကိုယ်ထည်ကို စမတ်ကျတင့် တယ်နေအောင်ပံ့ပိုးပေးနိုင်တာကြောင့် ဘရာစီယာကို အမျိုးအစားကောင်းတာ ဝယ်ဖို့လက်မတွန့်သင့်ပါဘူး။ ဒါမှအပေါ်အင်္ကျီဝတ်ဆင်ရာမှာ အဆင်ပြေပြေ ကြည့်ကောင်းနေမှာပါ။

မျက်လုံးချင်းဆုံပြီး စကားပြောခြင်း
တခြားလူတွေနဲ့ပြောဆိုဆက်ဆံတဲ့အခါ မျက်လုံးချင်ဆုံပြီး စကားပြောတာကြောင့် ရင်းနှီးခင်မင် မှုပိုမိုရရှိစေတဲ့အပြင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့ စွမ်းအားကိုလည်း ပိုတိုးစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top