Healthy Life Ad
Health Tips

ဆေးလိပ်သောက်ခြင်းဖြင့် နှလုံးကိုဝန်ပိစေနိုင်

၊ လရိပ်မေ ၊

ဆေးလိပ်သောက်သူတွေက ဆေးလိပ်သောက်ရတာကို သဘောကျပြီး စွဲလမ်းနေပါလိမ့်မယ်။ ဒါပေမဲ့ ဆေးလိပ်ကတော့ သင့်နှလုံးကို ကြင်နာနေမှာမဟုတ်ပါဘူး။ ဆေးလိပ်သောက်တာကြောင့် နှလုံးအပေါ် ထိခိုက်စေနိုင်တဲ့အချက်တွေကို အမေရိကန်အမျိုးသား နှလုံး၊ အဆုတ်နဲ့ သွေးဆိုင်ရာတက္ကသိုလ်က အောက်ပါအတိုင်းရေးသားထားပါတယ်။

– ဆေးလိပ်သောက်တာကြောင့် သွေးတွေခဲသွားပြီး သွေးရဲ့လုပ်ငန်းဆောင်တာတစ်ရပ်ဖြစ်တဲ့ ခန္ဓာကိုယ်အနှံ့အောက်ဆီဂျင်တွေကို ပို့ဆောင်ပေးဖို့ ပိုခက်ခဲသွားပါတယ်။

– ဆေးလိပ်သောက်တာကြောင့် သွေးတိုးလာပြီး နှလုံးခုန်နှုန်းမြန်လာပါတယ်။ ဒါကြောင့် နှလုံးရဲ့အလုပ်လုပ်နိုင်စွမ်းအားက ပိုပြီးပင်ပန်းလာပါတယ်။

– ဆေးလိပ်သောက်တာကြောင့် ကောင်းတဲ့ကိုလက်စထရောလျော့ကျပြီး မကောင်းတဲ့ကိုလက်စထရောနဲ့ ထရိုင်ဂလစ်စရိုက်အဆီတွေ တိုးလာပါတယ်။

– ဆေးလိပ်သောက်တာကြောင့် နှလုံးခုန်နှုန်းကို ပုံမမှန်ဖြစ်စေပြီး ရောင်ရမ်းမှုဖြစ်လာကာ သွေးကြောတွေမှာ အဆီခဲတွေ ပိတ်ဆို့မှုဖြစ်လာပါတယ်။

– ဆေးလိပ်သောက်တာကြောင့် သွေးကြောနံရံတွေမာကြောလာပြီး သွေးကြောကျဉ်းလာကာ နှလုံးကနေ သွေးတွေကို ညှစ်ထုတ်ဖို့ ပိုပြီးခက်ခဲလာပါတယ်။

ဆေးလိပ်ကြောင့် နှလုံးမှာဖြစ်တတ်တဲ့ ကျန်းမာရေးအန္တရာယ်တွေကများတာကြောင့် နှလုံးကျန်းမာရေးအတွက် ဆေးလိပ်ကိုဖြတ်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top