၊ ကိုထက် ၊ တကယ်လို့ လူးဝစ်ဟာ အခုအရွက်ထက် ၁နှစ်လောက်ပိုကြီးနေရင် သူ့ရဲ့အဖေဟာ ပြင်းထန်လှတဲ့ လေဖြတ်ဝေဒနာကြောင့် အသက်သေဆုံးသွားနိုင်ပါတယ်။ အသက် ၁၄ နှစ်အရွယ်ရှိတဲ့ လူးဝစ်ဟာ ရုပ်ရှင်ကြည့်ဖို့ ရုပ်ရှင်ရုံကိုထွက်လာခဲ့ပါတယ်။ သူကြည့်ချင်တဲ့ ဇာတ်ကားဟာ အသက် ၁၅ နှစ်ကျော်မှသာ...
၊ ကိုထက် ၊ ကင်ဆာကုသပျောက်ကင်းသူတွေထံမှ ကင်ဆာဆဲလ် တွန်းလှန်နိုင်ခဲ့တဲ့ ဆဲလ်တွေကိုယူပြီး တခြားကင်ဆာဖြစ်သူတွေကို ပြန်လည်ကုသပေးနိုင်မယ့် ကုသနည်းသစ်တစ်မျိုးကို ပညာရှင်တွေ လေ့လာနေကြပါတယ်။ ကင်ဆာကို တွန်းလှန်နိုင်တဲ့ ဆဲလ်အနည်းငယ်ကိုယူကာ ဆဲလ်ပေါင်းများစွာ ပြန်လည်ဖန်တီးပြီးနောက် ကင်ဆာဆဲလ်သစ်တွေကို ဖယ်ရှားပေးမယ့် နည်းပညာကို လေ့လာနေတာဖြစ်ပြီး နောက်တစ်နှစ်ခန့်မှာ...
၊ မိုးမင်းထွန်း ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကျေးရွာတစ်ရွာမှ ဟိုစီနီအာရာဘီဂျန်က မွေးကတည်းက အပေါ်နှုတ်ခမ်းမှာ အဖုတစ်ခုပါလာခဲ့ပြီး အဖုသေးသေးလေးတွေလည်း မျက်နှာပေါ်မှာပေါက်နေခဲ့ပါတယ်။ နှုတ်ခမ်းပေါ်ကအဖုကို ဖြစ်ကတတ်ဆန်း ဖြတ်ထုတ်ခဲ့ပြီးနောက်မှာ ခန္ဓာကိုယ်တစ်ခုလုံး အဖုတွေပေါက်လာခဲ့ပြီး တချို့က တင်းနစ်ဘောလုံးအရွယ်အစားလောက်တောင်ရှိခဲ့ပါတယ်။ အသက်၁၆နှစ်အရွယ်မှာ အိမ်ထောင်ပြုခဲ့ပြီး အဲဒီအချိန်က မျက်နှာနဲ့လည်ပင်းမှာ...
၊ ကိုထက် ၊ လီဗီဆိုတဲ့ ကောင်လေးဟာ ကမ္ဘာတစ်ဝန်းရှိ အယောက် ၃၀ခန့်မှာသာ တွေ့ဖူးတဲ့ ရှားရှားပါးပါး အရိုးကြီးထွားမှု ရပ်တန့်တဲ့ရောဂါကို ခံစားနေရပါတယ်။ ဒီရောဂါကြောင့် အသက် ၁၁ နှစ်ရှိပြီးဖြစ်သော်လည်း အရပ်မှာ ၃ ပေ ၂ လက်မသာ...
၊ ကိုထက် ၊ တရုတ်နိုင်ငံ ခန္ဓာကိုယ်အစားထိုးကုသမှု အနောက်တိုင်းနိုင်ငံတွေမှာ စမ်းသပ်လာကြတဲ့ ဦးခေါင်း အစားထိုးခွဲစိတ်ကုသမှုကို ပုံမှန်ဖြစ်စဉ်ကိုဖောက်ပြန်ပျက်စီးစေမယ့်နည်းဖြစ်တယ်လို့ အဖွဲ့အစည်းကပြောဆိုပြီး ကန့်ကွက်လျက်ရှိတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံ ကိုယ်ခန္ဓာအစိတ်အပိုင်း လှူဒါန်းခြင်းနဲ့ အစားထိုးခွဲစိတ်ခြင်းဆိုင်ရာ ဒါရိုက်တာ ဟောင်ဂျင်ဖူက ဦးခေါင်းအစားထိုးတာက ကျော်ကြားမှုသက်သက်အတွက် ပြုလုပ်နေတာဖြစ်နိုင်တယ်လို့...
၊ ကိုထက် ၊ သင်္ဘောသားလေးတစ်ယောက်ဖြစ်ပြီး အိုလစ်ဆိုတဲ့ ချစ်သူကောင်မလေးရှိတဲ့ ကာတွန်းဇာတ်ကောင် ပေါ့အိုင်းလိုမျိုး လက်မောင်းတစ်နေရာတည်း ကွက်ပြီးကြီးနေတဲ့ ဂျပန်အမျိုးသားတစ်ယောက်အကြောင်းကို နိုဝင်ဘာ ၁၅ ရက်နေ့ အင်္ဂလန် ဆေးပညာသတင်းဂျာနယ်မှာ သတင်းမှတ်တမ်းအနေနဲ့ ဖော်ပြခဲ့ပါတယ်။ ကာတွန်းထဲကလို ဆေးအရွက်စိမ်းတွေစားပြီး ကြွက်သားဖုကြီးထွက်လာတာမျိုးတော့ မဟုတ်ပါဘူး။...
၊ ကိုထက် ၊ ပိုင်ရှင်ဖြစ်သူက လေဆိပ်မှာပြစ်ထားခဲ့တာကြောင့် ခွေးလေးမှာ ရင်ကွဲနာကျပြီး သေဆုံးခဲ့ရတဲ့အဖြစ် ဖြစ်ခဲ့ပါတယ်။ သူ့သခင်က သူ့ကို လေဆိပ်မှာ တစ်လကျော်ကြာ ပစ်ထားခဲ့တယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ တစ်လကျော်ကတည်းက ပိုင်ရှင်မဲ့ခွေးလေးတစ်ကောင်ဟာ ကမ္ဘောဒီးယားရှိ ဘူကာရာမက်ဂလေဆိပ်မှာ တစ်စုံတစ်ယောက်ကိုလိုက်ရှာနေတာကို လေဆိပ်ဝန်ထမ်းတွေက...
၊ ကိုထက် ၊ အမျိုးသမီးတစ်ယောက် ကလေးမီးဖွားပြီးနောက် နှလုံးရပ်ခဲ့ပြီး ပြန်လည်သတိရလာချိန်မှာ မှတ်ဉာဏ်ပျောက်ခဲ့တဲ့ အဖြစ်အပျက် ဝေလပြည်နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။ အသက် ၂၂ နှစ်ရှိပြီဖြစ်တဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးလေးဟာ သူမရဲ့သားလေး နီကို ကိုမွေးဖွားပြီးနောက် အလွန်ရှားပါးလှတဲ့ ရေမြွှာဆိပ်တက်ဝေဒနာတစ်မျိုးကြောင့် နှလုံးရပ်သွားခဲ့ပါတယ်။...
၊ ကိုထက် ၊ အရက်နဲ့ ကဖင်းဓာတ်ပါတဲ့ စွမ်းအားဖြည့် အချိုရည်တွေကို တွဲဖက်သောက်သုံးတာက အထူးသဖြင့် ကောလိပ်ကျောင်းသားတွေ အတွက် ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာကို ဖြစ်စေနိုင်တယ်လို့ လေ့လာမှုတစ်ခုက ဆိုလိုက်ပါတယ်။ စွမ်းအားဖြည့်အချိုရည် (Energy)နဲ့ အရက်ကို တွဲသောက်တဲ့ ကောလိပ်ကျောင်းသားတွေကို လေ့လာလိုက်တဲ့အခါ...
၊ ကိုထက် ၊ တရုတ်နိုင်ငံ အင်တာနက်လူမှုကွန်ရက် သုံးစွဲသူတွေအကြား တရုတ်အမျိုးသား မသန်စွမ်းတောင်းရမ်းစားသောက်သူတစ်ယောက်ကို လူအများစိတ်ဝင်စားလျက်ရှိပါတယ်။ တိုင်ချမ်းယင်ဆိုတဲ့ ၃၀ အရွယ်ရှိ အမျိုးသားဟာ လမ်းမလျှောက်နိုင်တဲ့ မသန်စွမ်းဖြစ်ပြီး တရုတ်နိုင်ငံ၊ ချောင်ကွင်းမျိုးလေးမှာ တောင်းရမ်းစားသောက်နေရသူတစ်ဦးဖြစ်ပါတယ်။ ၂၀၁၀ခုနှစ်မှာ သူ့ကို ဘုန်းကြီးကျောင်းတစ်ကျောင်းမှ ခေါ်ယူပြီး...