Healthy Life Ad
International

အကျိတ်ဖုများဖုံးအုပ်နေသည့် အဘွားက နာကျင်မှုဒဏ်မခံနိုင်တော့ဟုဆို

၊ မိုးမင်းထွန်း ၊

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကျေးရွာတစ်ရွာမှ ဟိုစီနီအာရာဘီဂျန်က မွေးကတည်းက အပေါ်နှုတ်ခမ်းမှာ အဖုတစ်ခုပါလာခဲ့ပြီး အဖုသေးသေးလေးတွေလည်း မျက်နှာပေါ်မှာပေါက်နေခဲ့ပါတယ်။ နှုတ်ခမ်းပေါ်ကအဖုကို ဖြစ်ကတတ်ဆန်း ဖြတ်ထုတ်ခဲ့ပြီးနောက်မှာ ခန္ဓာကိုယ်တစ်ခုလုံး အဖုတွေပေါက်လာခဲ့ပြီး တချို့က တင်းနစ်ဘောလုံးအရွယ်အစားလောက်တောင်ရှိခဲ့ပါတယ်။

အသက်၁၆နှစ်အရွယ်မှာ အိမ်ထောင်ပြုခဲ့ပြီး အဲဒီအချိန်က မျက်နှာနဲ့လည်ပင်းမှာ အဖုသေးသေးလေးတွေသာ ရှိသေးတယ်လို့ဆိုပါတယ်။ သူ့အခြေအနေက တဖြည်းဖြည်းဆိုးလာခဲ့ကာ ခင်ပွန်းကလည်း သူ့ကြောင့် စိတ်ကျရောဂါရကာ သေဆုံးသွားခဲ့ပါတယ်။ ရွာနီးချုပ်စပ်က ကျန်းမာရေးဆေးခန်းတွေ သွားရောက်ကုသခဲ့ပေမယ့် ဘယ်သူမှ သူ့ရောဂါကိုပျောက်ကင်းအောင် မကုသနိုင်ခဲ့ပါဘူး။

ဆရာဝန်တွေ၊ တိုင်းရင်းဆေးဆရာတွေနဲ့ နှစ်အကြာကြီးကုသခံပေမယ့် မပျောက်ကင်းတာကြောင့် နောက်ဆုံးမှာ ဓာတ်ကြမ်းကုဆရာတစ်ယောက်နဲ့ ပြသခဲ့ပါတယ်။ ရောဂါအနည်းငယ်သက်သာလာခဲ့ပေမယ့် ဆေးကုစရိတ် မရှိတော့တာကြောင့် ရပ်နားထားခဲ့ရပါတယ်။

အဖုတွေကြောင့် တစ်ကိုယ်လုံးနာကျင်နေကာ တစ်နေကုန်ကုတ်နေရပြီး တစ်ခါတစ်ရံ သွေးပါထွက်တတ်ပါတယ်။ တစ်ရွာလုံးက သူ့ကိုဝိုင်းပယ်ထားကြပြီး သူ့မြေးလေးကတောင် သူ့ကိုတွေ့ရင် ကြောက်လို့ ငိုကြွေးတတ်ပါတယ်။ ဆင်းရဲပင်ပန်းနာကျင်လှတဲ့ ဘဝကြီးကို စက်ဆုပ်နေပြီး သူသေမှသာ ဒီဒုက္ခတွေက ကျွတ်မယ်လို့ ဘီဂျန်က ငြီးတွားနေရှာပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top