Healthy Life Ad
International

အယ်လ်ကိုဟော နှင့် စွမ်းအားဖြည့်အချိုရည်က အန္တရာယ်ရှိသောတွဲစပ်မှုဟု လေ့လာမှုအတည်ပြု

၊ ကိုထက် ၊

အရက်နဲ့ ကဖင်းဓာတ်ပါတဲ့ စွမ်းအားဖြည့် အချိုရည်တွေကို တွဲဖက်သောက်သုံးတာက အထူးသဖြင့် ကောလိပ်ကျောင်းသားတွေ အတွက် ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာကို ဖြစ်စေနိုင်တယ်လို့ လေ့လာမှုတစ်ခုက ဆိုလိုက်ပါတယ်။

စွမ်းအားဖြည့်အချိုရည် (Energy)နဲ့ အရက်ကို တွဲသောက်တဲ့ ကောလိပ်ကျောင်းသားတွေကို လေ့လာလိုက်တဲ့အခါ အရက်တစ်မျိုးတည်းသောက်တာထက် ပိုပြီးအရက်ကို ပိုသောက်ဖြစ်သလို အဆိပ်အတောက် ပိုဖြစ်စေတယ်လို့ လေ့လာသူ မီဂန်ပက်ထရစ်ကဆိုပါတယ်။ စွမ်းအားဖြည့်အချိုရည်နဲ့ အရက်တွဲသောက်တဲ့အခါ သွေးထဲမှာ အယ်လ်ကိုဟောအဆင့်မြင့်တက်မှုပိုရှိတာကြောင့် ဖြစ်ပါတယ်။

ကောလိပ်ကျောင်းသားတွေကို လေ့လာမှုအရ စွမ်းအားဖြည့် အချိုရည်နဲ့ အရက်ကို တွဲသောက်ပြီးတဲ့အခါ ကားမောင်းပြီး အိမ်ပြန်နိုင်စွမ်းတောင် မရှိကြဘူးလို့ လေ့လာသူပက်ထရစ်က ဆိုထားပါတယ်။

(Ref;HD)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top