Healthy Life Ad
International

နာမည်ကျော် ကာတွန်းဇာတ်ကောင် ပေါ့အိုင်းရဲ့ လက်မောင်းနဲ့တူနေတဲ့ ဂျပန်အမျိုးသား

၊ ကိုထက် ၊

သင်္ဘောသားလေးတစ်ယောက်ဖြစ်ပြီး အိုလစ်ဆိုတဲ့ ချစ်သူကောင်မလေးရှိတဲ့ ကာတွန်းဇာတ်ကောင် ပေါ့အိုင်းလိုမျိုး လက်မောင်းတစ်နေရာတည်း ကွက်ပြီးကြီးနေတဲ့ ဂျပန်အမျိုးသားတစ်ယောက်အကြောင်းကို နိုဝင်ဘာ ၁၅ ရက်နေ့ အင်္ဂလန် ဆေးပညာသတင်းဂျာနယ်မှာ သတင်းမှတ်တမ်းအနေနဲ့ ဖော်ပြခဲ့ပါတယ်။

ကာတွန်းထဲကလို ဆေးအရွက်စိမ်းတွေစားပြီး ကြွက်သားဖုကြီးထွက်လာတာမျိုးတော့ မဟုတ်ပါဘူး။ အဲဒီအမျိုးသားက အလေးအပင်တစ်ခုကို ဆွဲမလိုက်ချိန်မှာ လက်မောင်းမှာ အင်မတန်စူးရှပြီး နာကျင်တဲ့ဝေဒနာကို ခံစားလိုက်ရပြီးနောက်ပိုင်း ဘယ်ဘက်လက်မောင်းအပေါ်ပိုင်းမှာ ကြွက်သားအဖုကြီး ထွက်လာခဲ့တာပဲဖြစ်ပါတယ်။ ဆေးပညာအရလည်း ပေါ့အိုင်းလက္ခဏာ သို့မဟုတ် ပေါ့အိုင်းပြောင်းလဲမှုလို့ပဲ ခေါ်ဝေါ်ကြတယ်လို့ သိရပါတယ်။

ဒီလိုဖြစ်ရတဲ့ အဓိကအကြောင်းရင်းကတော့ လက်မောင်းထဲရှိ ကြွက်သားမျှင်တချို့ ပျက်စီးသွားတာကြောင့်ဖြစ်ပါတယ်။ လက်မောင်းကြွက်သားမျှင်တွေဟာ လက်မောင်းရှိကြွက်သားနဲ့ အရိုးတွေကို ဆက်စပ်ပေးထားတဲ့ တစ်သျှူးလေးတွေ ဖြစ်ပါတယ်။ ကြွက်သားတွေနဲ့ လက်မောင်းရိုးကို ကြွက်သားမျှင်နှစ်ခုနဲ့ဆက်ထားပြီး တံတောင်ဆစ်ကို ကြွက်သားမျှင်တစ်ခုဆက်နေပါတယ်။

အဆင်မသင့်လို့ ကြွက်သားမျှင်တစ်ခုခုပျက်သွားတဲ့အခါ ကြွက်သားတွေဟာ ပုံမှန်မဟုတ်ဘဲ ဖောင်းကြွနေတာမျိုးဖြစ်လာပါတယ်။ ကြွက်သားမျှင်နှစ်ချောင်းမှာ တစ်ချောင်းဘဲပျက်တာဆိုရင် ခွဲစိတ်ကုသမှုတွေ မခံယူဘဲနေလို့ရတယ်လို့ ဆိုပါတယ်။ ဒီလက္ခဏာတွေဟာ လူလတ်ပိုင်းတွေမှာအဖြစ်များပြီး လူငယ်တွေမှာလည်း အနည်းငယ်ဖြစ်နိုင်ခြေရှိပါတယ်။ အထူးသဖြင့် အလေးမလေ့ကျင့်သူတွေ၊ ကာလလုပ်သားတွေ အရမ်းလေးတဲ့ပစ္စည်းတွေကို ရုတ်တရက် အမြန်ဆွဲမလိုက်ချိန်မှာ ကြွက်သားမျှင်လေးတွေ ပျက်သွားတတ်ပါတယ်။

ဒီဂျပန်အမျိုးသားကလည်း ခွဲစိတ်မှုတွေမပြုလုပ်ဘဲ NSAID ဆေးဝါးနဲ့ လေးလကုသမှုခံယူပြီးနောက် နာကျင်မှုလုံးဝမရှိတော့ပဲ လက်မောင်းတွေကို ဖြေလျှော့လိုက်ချိန်မှာ ကြွက်သားဖုက အနည်းငယ်သေးသွားတယ်လို့လည်း သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top