ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး) ၂၀-၇-၂၀၁၇ ရက်နေ့က သူနာပြုတက္ကသိုလ် (ရန်ကုန်)မှာ သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးလွင်ရဲ့ ဟောပြောပွဲတစ်ခု ကျင်းပခဲ့ပါတယ်။ ဟောပြောပွဲပြီးချိန်မှာ မေးမြန်းချက်တချို့ရဲ့ အဖြေတွေကို စာဖတ်ပရိသတ်တွေအတွက် ပြန်လည် မျှဝေလိုက်ရပါတယ်။ အယ်ဒီတာ မြုပ်နေတဲ့ ဗီဇလား၊ ဝါသနာလား ....
ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ဘဝမှာ ဖိစီးမှုကြုံတဲ့အခါ . . . – ဖိစီးမှု (Stress) ကြုံတဲ့အခါ ဘယ်လိုဖြေရှင်းသင့်ပါသလဲ ဆရာ။ လူတိုင်းလူတိုင်း ဘာအလုပ်ပဲလုပ်လုပ် ဖိစီးမှု (Stress)ကို ကြုံရမှာပါပဲ။ အခက်အခဲတွေ၊ ပြဿနာတွေဆိုတာ...
ဒေါက်တာစိုးလွင် (ပါမောက္ခ၊ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး) မေး. တချို့အမျိုးသမီးတွေက ရာသီလာခါနီးဆိုရင် ဒေါသထွက်တာလို စိတ်ဝေဒနာတွေဖြစ်တတ်တယ်လို့ သိရပါတယ်ဆရာ။ အဲဒါကို ဘယ်လိုလျှော့ချသင့်ပါသလဲဆရာ။ ဖြေ. တချို့က ရာသီလာခါနီးအချိန်မှာ လူသတ်ချင်တယ်တဲ့ စိတ်တွေဖြစ်ပေါ်လာတတ်ပါတယ်။ အဲဒီအချိန်ကျရင် သူဟာသူမဟုတ်တော့ဘဲ ဘယ်သူရောက်လာမှန်းမသိလောက်အောင် စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေ ဖြစ်လာတတ်ပါတယ်။...
ဒေါက်တာစိုးလွင်(သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး) မေး. မိန်းကလေးတွေက ဘယ်အရွယ်မှာ အပျိုဖော်ဝင်တတ်ပါသလဲ ဆရာ။ ဖြေ. ကမ္ဘာပေါ်မှာရှိတဲ့ မိန်းကလေးတွေ အပျိုစဖြစ်တဲ့အရွယ်ဟာ ပျမ်းမျှအားဖြင့် အသက် ၁၃နှစ်လောက်လို့ ပြောကြပါတယ်။ အသက် ၁၁ နှစ်နဲ့ ၁၅ နှစ်ကြားထဲမှာဆိုရင် ပုံမှန်ပါပဲ။ အပျိုဖော်ဝင်စောတာက မိဘမျိုးရိုးနဲ့ဆိုင်သလို...
ဒေါက်တာစိုးလွင်(တွဲဖက်ပါမောက္ခ၊ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး ဖြေကြားသည်) မေး ။ ဘယ်အချိန် သွေးဆုံးတတ်လဲ၊ သွေးဆုံးချိန်မှာ ဘယ်လိုလက္ခဏာတွေဖြစ်တတ်သလဲ၊ သွေးဆုံးချိန်ကို ဘယ်လိုရင်ဆိုင်သင့်ပါသလဲ ဆရာ။ မလှလှမိုး၊ ညောင်ဦး။ ဖြေ ။ အမျိုးသမီးတွေက အသက် ၄၅နှစ် – ၅၀နှစ် ဝန်းကျင်လောက်...
ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး) ကိုယ်ဝန်ဆောင်ချိန်မှာ အစားအသောက်တွေကို တန်ဆေးလွန်ဘေးစားရပါမယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ တိရစ္ဆာန်အသည်းတွေကို မစားသင့်ပါဘူး။ ဗီတာမင်အေပါဝင်မှု များလွန်းလို့ပါ။ မြန်မာလူမျိုးတွေ ကြိုက်ကြတဲ့ တညင်းသီးကိုလည်း ကိုယ်ဝန်ဆောင်ချိန်မှာ လုံးဝ မစားသင့်ပါဘူး။ တညင်းသီးမှာ ဘာအာဟာရမှမပါတဲ့အပြင် အနံ့က အရမ်းဆိုးပါတယ်။ သာမန်လူတွေမှာတောင်...
မေး ။ ။ ကျွန်မက ညောင်ဦးကပါ။ မနေ့က ငလျင်လှုပ်တာပြင်းလို့ ကိုယ်ဝန်ကိုထိခိုက်မှာ စိုးလို့ပါဆရာ။ထိခိုက်နိုင်ပါသလား။ ကျွန်မကိုယ်ဝန်ခြောက်လရှိပါပြီ။ စိတ်ပူနေလို့ပါ။ စောမွေးမှာလည်းကြောက်လို့ပါ။ မာမာလင်း (FB) ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး)ဖြေကြားသည်။ ဖြေ ။ ။ ရိုးရိုးငလျင်လှုပ်ရုံနဲ့တော့ ကိုယ်ဝန်ကိုမထိခိုက်နိုင်ပါဘူး။...
ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး) အခုခေတ်မှာ ကိုယ်ဝန်ဘယ်အချိန်ယူရမလဲဆိုပြီး လာတိုင်ပင်တဲ့ မင်္ဂလာဆောင်ခါနီး စုံတွဲတွေ၊ မင်္ဂလာဆောင်ပြီးခါစ စုံတွဲလေးတွေ ရှိလာတာကို တွေ့ရတော့ ဆရာတို့ဝမ်းသာရတယ်။ ကိုယ်ဝန်မယူခင် ဘယ်လို နေထိုင်စားသောက်ရမလဲဆိုပြီး တိုင်ပင်တာက သိပ်ကိုကောင်းတဲ့ အလေ့အကျင့်လေး တွေဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်မယ့် သူတချို့က...
ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး) ကိုယ်ဝန်ဆောင်ကာလမှာ ဘယ်လိုစောင့်ရှောက်ရမယ်၊ ဘာတွေဆောင်ပြီး ဘာတွေရှောင်ရမယ် . . ဒါတွေကို ဘာဆိုဘာမှ မသိဘဲနဲ့ ကိုယ်ဝန်ဆောင်ကြတယ်၊ နောက်ဆုံးကလေးမွေးတဲ့အချိန်ကျမှ ဗိုက်ထဲကနေ ကလေးထွက်လာတယ် . . ဒါမျိုးတွေလည်းတွေ့ရပါတယ်။ တစ်ခါတလေကျရင် ကိုးတန်းကျောင်းသူလေးတစ်ယောက်က ဗိုက်နာပြီး...
ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး ) မေး။ ။ လက်မောင်းထဲကို သားဆက်ခြားပစ္စည်းထည့် ထားပေမယ့် ပြန်ထုတ်ချင်တဲ့အခါ ခွဲတာသုံးကြိမ် ရှိပါပြီ။ ဒါပေမဲ့ ဘယ်ရောက်သွားမှန်းမသိဘူး။ အဲဒါပြန်မထုတ်နိုင်ရင် ကလေးမရတော့ဘူးလား ဆရာ။ ဖြေ။ ။ လက်မောင်းထဲကို သားဆက်ခြားပစ္စည်း ထည့်ပေးဖို့...