ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) ဆရာဝန်တွေ ဖြစ်လာတော့ “ဆရာဝန်ကောင်း” တစ်ဦးဖြစ်အောင် လေ့ကျင့်သွန်သင်ပေးကြဖို့ ဆေးကျောင်းက ဆရာ၊ ဆရာမတွေမှာ တာဝန်ရှိပါသလားဆိုရင် “ရှိပါတယ်”လို့ဖြေရပါမယ်။ မှန်သင့်သလောက် မှန်ပါတယ်။ ဒါပေမဲ့ လူတစ်ဦးနဲ့ တစ်ဦးဘဝအတွေ့အကြုံ ခံယူချက်တွေ မတူညီကြပါဘူး။ စာတွေ့နဲ့ လူနာဆေးကုပေးတာ...
ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) ဒီတစ်ခါကုပေးရမယ့်လူနာက ဆရာဝန်ပေါက်စလေး တစ်ယောက်ပါ။ သူကတော့ အဖျားငွေ့ငွေ့နဲ့ တစ်လကြာအထိ မပျောက်လို့ ဓာတ်မှန်ရိုက်ကြည့်တော့မှ အဆုတ်တီဘီရောဂါဖြစ်နေတာ သိရပါတယ်။ တီဘီဆေးသောက်နေတာ တစ်လခွဲရှိနေပေမယ့် အဖျားဆက်ရှိနေတုန်းပါပဲ။ သလိပ်ပိုးမွေးလို့ အဖြေရလာတော့ ဆေးယဉ်ပါး တီဘီပိုးဖြစ်နေမှန်း သိရပါတော့တယ်။ ဆေးယဉ်တဲ့...
ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) (၁) ဆေးထိုးအပ်နဲ့ ဆေးထိုးကိရိယာတွေ မသန့်ရှင်းတာကြောင့် (Unsterilized Syringes And Needles) ပဲဖြစ်ဖြစ်၊ ပိုးမသတ်ဘဲ တစ်ဦးသုံးပြီးသားအပ်နဲ့ တခြားသူတွေကို သုံးမိလို့ပဲဖြစ်ဖြစ်၊ ဆေးရည်တစ်ပုလင်းထဲက ဆေးကို အများအတွက်သုံးရရင် ထိုးပြီးသားအပ်နဲ့ ဆေးစုပ်ယူမိတာကြောင့်ပဲဖြစ်ဖြစ် ရောဂါပိုးတွေကူးစက်စေနိုင်ပါတယ်။...
ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) မနေ့က နောက်ထပ်ဖြစ်ရပ်လေးတစ်ခုကို လူနာဒေါ်စမ်းရီထံက စိတ်မကောင်းစွာ ကြားသိရတာလေးလည်း ပြောပြလိုက်ပါတယ်။ “အဒေါ်တို့တောမှာ နေမကောင်းဖြစ်တိုင်း ဆေးထိုးကြသလား”လို့ ဆရာမက မေးကြည့်လိုက်တော့- ” ဆေးမထိုးရင် ရောဂါမပျောက်နိုင်ဘူး၊ ကုလို့ မရနိုင်ဘူးလို့ အများစုက ဒီလိုပဲ ယူဆကြတာပဲ။...
ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) ဒီဆေးထိုးတာနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ခြောက်လက ဆေးရုံတက်တဲ့ လူနာတစ်ယောက်ရဲ့အဖြစ်လေးကို သွားသတိရမိပါတယ်။ လူနာအမည်က ကိုအေးမြင့်ဖြစ်ပြီး အသက်က ၃၅နှစ်ပါ။ အဖြစ်ကတော့ ဗိုက်နာလို့ ဆေးရုံရောက်လာတာဖြစ်ပြီး ခွဲစိတ်ဆရာဝန်နဲ့ တွဲဖက်ကြည့်ရှု စောင့်ရှောက်ပေးရတာပါ။ သွေးချိုတက်နေလို့ ခွဲစိတ်ကုသမှုမခံယူမီနဲ့ ခွဲစိတ်ကုသနေစဉ်အတွင်း စောင့်ရှောက်ပေးဖို့ပဲဖြစ်ပါတယ်။...
ပါမောက္ခဒေါ်သန်းသန်းအေး(ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) – ယခင်တစ်ပတ်မှ အဆက် ရှေ့မှာပြောခဲ့သလို လူနာရဲ့အဓိကပြဿနာကို သေချာစွာမေးမြန်းစစ်ဆေးခြင်း (History Taking Process)နဲ့ ကျွမ်းကျင်စွာ စမ်းသပ်ခြင်း (Physical Examination)ပြုလုပ်ပြီး ရရှိတဲ့ ဖြစ်နိုင်ခြေအများဆုံးဆိုတဲ့အဖြေကို ဦးစွာဖော်ထုတ်ထားရပါမယ်။ ဒီလိုထင်ထားတဲ့ ရောဂါအတွက် သင့်တော်တဲ့ စစ်ဆေးမှုကို...
ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) အမြန်အဖျားကျတာကို လိုလားသူတွေအတွက် အဖျားကျဆေးအပြင် အရောင်ကျဆေးတွေ ထည့်ထိုးမိရင် သွေးချိုတက်တဲ့အပြင် တခြားဆိုးကျိုးတွေ ရရှိနိုင် . . . ဆေးခန်းပြရင် ဆေးထိုးလိုက်မှာပဲဆိုတာ လူနာအတော်များ သိပြီးဖြစ်ပါတယ်။ ဆေမထိုးဘဲ ကုချင်တယ်လို့ ငြင်းဆိုတဲ့လူနာလည်း အလွန်ရှားပါတယ်။...
ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) ဆရာဝန်တွေ၊ လူနာတွေရဲ့ ရောဂါမျိုးစုံကို ဘယ်လိုအဖြေရှာပြီး ကုသကြသလဲဆိုတာအရင်ဆုံး ရှင်းပြလိုပါတယ်။ စနစ်တကျဆိုရင်တော့ ရောဂါရာဇဝင် မေးမြန်းခြင်း (history taking)က စရမှာပဲ ဖြစ်ပါတယ်။ ပထမအဆင့်အနေနဲ့ အရေးကြီးဆုံးဖြစ်ပြီး ရောဂါရဲ့အဖြေကို ၇၅ ရာခိုင်နှုန်း ဖော်ထုတ်ပေးနိုင်တာကတော့...
ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး) ဒီပြဿနာတွေကို ဘယ်ကစရှင်းရမလဲ၊ ကာကွယ်တာကို ဘယ်အဆင့်မှာစပြီး လုပ်ရမလဲ . . ဆေးရောင်းဆိုင်တွေကစပြီး ကိုင်တွယ်သင့်ပါတယ်။ ဒီလိုပိုးသတ်ဆေးတွေကို ဆေးဆိုင်တိုင်းမှာ စိတ်ကြိုက်ဝယ်သောက်နိုင်တဲ့၊ အထိန်းအကွပ်မရှိဘဲ သုံးခွင့်ရှိတဲ့ ကျွန်မတို့လို ဖွံ့ဖြိုးဆဲနိုင်ငံမှာ ဆေးရုံပြင်ပမှာကတည်းက ပိုးတွေဟာ...
ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး) ဘယ်သူတွေမှာ ပိုဖြစ်တတ်သလဲ . . . ဆိုးရွားတဲ့ ဆူဒိုမိုးနတ်စ်ပိုးဝင်ခြင်းဟာ ဆေးရုံတက်နေတဲ့ လူနာတွေမှာ အများဆုံးဖြစ်ပါတယ်။ ဆေးရုံတက် လူနာတွေထဲမှာ အထူးသဖြင့် ခုခံအားနည်းနေတဲ့သူတွေ၊ ဥပမာ ဆီးချိုရောဂါသည်တွေ၊ ကင်ဆာဆေးသွင်းရသူတွေ၊ ကော်တီကိုစတီးရွိုက်...