Healthy Life Ad
Life Style

မကျန်းမာရင် ကျန်မာရေးစစ်ဆေးပြီး ကုပါ . . .

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

ဆရာဝန်တွေ၊ လူနာတွေရဲ့ ရောဂါမျိုးစုံကို ဘယ်လိုအဖြေရှာပြီး ကုသကြသလဲဆိုတာအရင်ဆုံး ရှင်းပြလိုပါတယ်။ စနစ်တကျဆိုရင်တော့ ရောဂါရာဇဝင် မေးမြန်းခြင်း (history taking)က စရမှာပဲ ဖြစ်ပါတယ်။ ပထမအဆင့်အနေနဲ့ အရေးကြီးဆုံးဖြစ်ပြီး ရောဂါရဲ့အဖြေကို ၇၅ ရာခိုင်နှုန်း ဖော်ထုတ်ပေးနိုင်တာကတော့ ဒီရောဂါရာဇဝင် မေးမြန်းခြင်းပါပဲ။

ဒီနေရာမှာ အချိန်ပေးရပါမယ်။ ဒါပေမဲ့ အချိန်သိပ်မကုန်ဘဲ ထိရောက်တဲ့နည်းကတော့ (Focused approach and focused history taking) အဖြစ်နိုင်ဆုံးရောဂါကို ဦးစားပေးရှာဖွေခြင်း ပြုလုပ်ရပါမယ်။ ဒီလိုပြုလုပ်ရာ ရရှိပြီး အချက်အလက်တွေပေါ်မူတည်ပြီး ဖြစ်နိုင်ခြေအများဆုံးရောဂါကို ဦးစားပေး စဉ်းစားသွားရင်း ဖြစ်နိုင်ခြေမရှိဆုံးရောဂါကိုလည်း ပယ်ရှားတဲ့နည်းစနစ်ကိုသုံးရင် ရောဂါရဲ့အဖြေ အမြန်ဆုံးရရှိမှာဖြစ်ပါတယ်။ ဒါကလည်း ဆရာဝန်တွေရဲ့ ရောဂါဖော်ထုတ်နိုင်တဲ့ စွမ်းရည် (skill) တစ်ခုပါပဲ။ အခြေခံဆေးပညာ (Theoretical) နဲ့ လက်တွေ့အတွေ့အကြုံ (experience) နှစ်ရပ်လုံး ပြည့်စုံဖို့လိုပါတယ်။

အထူးသဖြင့် မသေချာတဲ့ အခြေအနေမျိုးမှာ ဖြစ်နိုင်တာကိုသက်သေပြဖို့ ဒီလိုစစ်ဆေးချက်လိုအပ်သလိုပဲ ကိုယ်မထင်မိတဲ့ တခြားဆင်တူတဲ့ ရောဂါလည်း မဟုတ်ဘူးဆိုတာ သေချာအောင် လိုက်ကြည့်ထားဖို့ လိုပါတယ်။ ဒါမှသာ ရောဂါအဖြေသတ်မှတ်ရာမှာ အမှားမရှိ အပြည့်အဝ တိကျမှန်ကန်မှာဖြစ်ပါတယ်။

ဒါပေမဲ့ ဒီလိုမှန်းဆထားတာ မှန်သလား၊ မှားသလားဆိုတာ ဓာတ်ခွဲခန်းတွေ၊ ဓာတ်မှန်တွေ စစ်ဆေးပြီး သေချာအောင်လုပ်ဖို့လည်း လိုပါတယ်။ အထူးသဖြင့် မသေချာတဲ့ အခြေအနေမျိုးမှာ ဖြစ်နိုင်တာကို သက်သေပြဖို့ ဒီလိုစစ်ဆေးချက် လိုအပ်သလိုပဲ ကိုယ်မထင်မိတဲ့ တခြားဆင်တူတဲ့ရောဂါလည်း မဟုတ်ဘူးဆိုတာ သေချာအောင် လိုက်ကြည့်ထားဖို့ လိုပါတယ်။ ဒါမှသာ ရောဂါအဖြေ သတ်မှတ်ရာမှာ အမှားမရှိ အပြည့်အဝ တိကျမှန်ကန်မှာဖြစ်ပါတယ်။ အမှားသုညအဖြေမျိုး ရဖို့လိုပါတယ်။

ဆရာဝန်တွေက ဒီလိုစစ်ဆေးတဲ့ အလေ့အကျင့်ရှိဖို့ လိုပါတယ်။ နယ်တွေမှာလည်း စစ်ဆေးလို့ရရှိနိုင်တဲ့ အခြေအနေ ဖြစ်လာအောင် ဦးဆောင်ဖန်တီးရပါမယ်။ လူနာတွေအဖို့ စစ်ဆေးနိုင်တဲ့အခြေအနေရှိဖို့ရယ်၊ စစ်ဆေးခြင်းရဲ့ တန်ဖိုးကိုသိရှိနားလည်ဖို့ အလွန်အရေးကြီးကြောင်းတင်ပြရခြင်းဖြစ်ပါတယ်။ ဒီလိုစစ်ဆေးရတာ အကျိုးရှိမှန်း အားလုံးသိကြပေမယ့် တကယ့်အတားအဆီးကတော့ ငွေကြေးကုန်ကျမှုတွေပါပဲ။ စစ်ရင်စစ်သလို ကုန်ကျမှုများပြားပြီး ဆေးကုစရာ စရိတ်တောင် မကျန်တော့တာ ရှိတတ်ပါတယ်။

ကျန်းမာရေးအာမခံရှိတဲ့ တိုင်းပြည်တွေမှာ ဆရာဝန်ရော၊ လူနာပါ ဒီအတွက် စိတ်ပူစရာ သိပ်မလိုတော့လို့ ပိုစစ်ဖြစ်ကြတာ တွေ့ရပါတယ်။ တစ်ခါတစ်ရံ စစ်ဆေးရတာကြောင့် အသက်အန္တရာယ် ဖြစ်တတ်တာလည်း ရှိပါတယ်။ ဥပမာ ကိုယ်တွင်းအင်္ဂါကလီစာတတ်ခုခုမှအသားစရယူခြင်း၊ ကျောက်ကပ်မကောင်းစဉ် CT စကင်ရိုက်ရပြီးနောက် ကျောက်ကပ်ပိုပျက်စီးခြင်း . . ဒါဟာလည်း စဉ်းစားစရာအခက်အခဲတစ်ခုဖြစ်ပါတယ်။

ဒါကြောင့် လူနာတွေ မိမိရဲ့ငွေကို သုံးစွဲပြီး ဓာတ်ခွဲစမ်းသပ်မယ်ဆိုရင် အကျိုးအရှိဆုံးဖြစ်အောင် ဘယ်လိုလုပ်သင့်သလဲဆိုတာ ဆက်ပြီး ဆွေးနွေးသွားပါမယ်။

Most Popular

Healthy Life Ad
To Top