Healthy Life Ad
Life Style

မလိုအပ်ဘဲ ဆေးထိုးခြင်း(၂) (Unnecessary Injection)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

ဒီဆေးထိုးတာနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ခြောက်လက ဆေးရုံတက်တဲ့ လူနာတစ်ယောက်ရဲ့အဖြစ်လေးကို သွားသတိရမိပါတယ်။ လူနာအမည်က ကိုအေးမြင့်ဖြစ်ပြီး အသက်က ၃၅နှစ်ပါ။ အဖြစ်ကတော့ ဗိုက်နာလို့ ဆေးရုံရောက်လာတာဖြစ်ပြီး ခွဲစိတ်ဆရာဝန်နဲ့ တွဲဖက်ကြည့်ရှု စောင့်ရှောက်ပေးရတာပါ။ သွေးချိုတက်နေလို့ ခွဲစိတ်ကုသမှုမခံယူမီနဲ့ ခွဲစိတ်ကုသနေစဉ်အတွင်း စောင့်ရှောက်ပေးဖို့ပဲဖြစ်ပါတယ်။

ဆီးချိုသွေးချိုကလည်း ဆေးရုံဆင်းတော့ မရှိတော့ပါဘူး။ ဆီးချိုပျောက်သွားတာလို့ အယူမှားနိုင်ပါတယ်။ တကယ်တော့ ဒါဟာ ဆီးချိုဖြစ်ချင်သူတွေမှာ ဆေးတစ်ခုခုကြောင့် သွေးချို ရုတ်တရက် တက်သွားတာ ဖြစ်နိုင်ပါတယ် . . .

ခွဲစိတ်ဆရာဝန်ဘက်ကလည်း လူနာရဲ့ဗိုက်က ဘာကြောင့်နာတာလဲဆိုတာ စောင့်ကြည့်နေပါတယ်။ အူအတက်လိုလို၊ ညာဘက် ခါးစောင်း ဘေးဘက်က အောင့်တော့ ကျောက်ကပ်ရောင်သလိုလည်း ထင်ရပြန်ပါတယ်။ ဒါကို စီတီ CT စကင်ရိုက်လိုက်တော့ အူအတက်က အူမကြီးရဲ့နောက်ကျောဘက်မှာတည်ရှိပြီး ရောင်ပြီးပေါက်နေတာတွေ့ရပါတယ်။ (retrocecal appendicitis) အရေးပေါ်ခွဲစိတ်ပြီး သက်သာပျောက်ကင်းခဲ့ပါတယ်။ ဆီးချိုသွေးချိုကလည်း ဆေးရုံဆင်းတော့ မရှိတော့ပါဘူး။ ဆီးချိုပျောက်သွားတာလို့ အယူမှားနိုင်ပါတယ်။ တကယ်တော့ ဒါဟာ ဆီးချိုဖြစ်ချင်သူတွေမှာ ဆေးတစ်ခုခုကြောင့် သွေးချို ရုတ်တရက်တက်သွားတာ ဖြစ်နိုင်ပါတယ်။

ဒါနဲ့ ဆရာမလည်း ကိုအေးမြင့်သွေးချိုတက်ရတဲ့ အကြောင်းရင်းကို သိချင်လို့မေးကြည့်ရာ . . .

“ဗိုက်စနာတုန်းကဆေးထိုးမိသေးလား၊ ကိုယ့်ဘာသာကိုယ် ဆေးတွေဝယ်သောက်မိသလား”ဆိုတော့-
“ဟုတ်ပါတယ်။ ဆေးရုံမတက်ခင် နှစ်ပတ်က ကျွန်တော်ချက်လယ်ကအောင့်တာ ဆေးလေးတစ်လုံး-နှစ်လုံးထိုးရုံနဲ့ ယူပစ်လိုက်သလို ပျောက်သွားလိုက်တာ ဆေးရုံတက်တဲ့နေ့ကျမှ ညာဘက်ဘေးကြောကနေ အရမ်းထိုးအောင့်လာပြီး အဖျားလည်းတက်၊ သွေးပေါင်လည်းကျသွားလို့ ဆေးရုံရောက်လာတာပါပဲ ဆရာမ . .

ဒါနဲ့ ကျွန်တော် ဆေးထိုးတာနဲ့ အခုရောဂါနဲ့ ဘယ်လိုဆက်စပ်နေလို့လဲ ဆရာမ . .”လို့ကိုအေးမြင့်က မေးပါတယ်။
“မင်းရဲ့ ရောဂါက ပုံမှန်တွေ့နေကျပုံစံနဲ့မတူဘူး။ အူအတက်ရောင်နေရင် ဗိုက်သိပ်နာတတ်တယ်။ နာတာကို ခွဲလိုက်မှပျောက်လေ့ရှိတယ်။ ဒီလိုနာမှသာ ဆရာဝန်ဆီကို ရောဂါကုသဖို့ မြန်မြန်ရောက်လာမယ်။ နာတဲ့ဝေဒနာကိုဖုံးဖိထားရင် အချိန်မီလုပ်သင့်တာကို မလုပ်မိတော့ဘဲ ရောဂါအခြေအနေ သိပ်ဆိုးလာမှ ရုတ်တရက် ပြန်ပေါ်လာပြီး အသက်လုပြီး ကုယူရတဲ့ အဖြစ်တွေရှိပါတယ် . .”

ကိုအေးမြင့်လည်း သတိရသွားဟန်နဲ့-
“အခု ဆရာမပြောတော့မှ သတိရတယ်။ ကျွန်တော်ဗိုက်နာတဲ့နေ့က ဆေးခန်မှာ ဆေးထိုးပေးတာ ဒက်ဆာလို့တော့ကြားလိုက်မိတယ်။ ဒီဆေးလည်း ထိုးပြီးရောနာတာ ချက်ချင်းပျောက်သွားတာ တော်တော်စွမ်းတယ်လို့ ထင်မိတာ။ နောက်နှစ်ပတ်လည်းကြာရော ပြန်နာပြီး သွေပေါင်ချိန်လည်းကျသွားလို့ ဆေးခန်းကနေဆေးရုံကို အရေးပေါ်ပြလိုက်ရတာ။ အူအတက်ကပေါက်သွားတဲ့ အထိတောင် ဖုံးဖိထားသလို ဖြစ်သွားတာကို ဆရာမပြောပြတော့မှ သဘောပေါက်သွားပါပြီ”ဆိုပြီး ကျေးဇူးတင်စကားပြောသွားပါတော့တယ်။

Most Popular

Healthy Life Ad
To Top