Healthy Life Ad
Life Style

ပျော်ရွှင်ကျေနပ်သော နေထိုင်မှုဘဝရရှိစေရန် လိုက်နာသင့်သည့် အချက် ၃ ချက်

———၊ ကိုထက် ၊———

၁။ ဦးတည်ချက်ထားပါ

ကျွန်တော်တို့တွေရဲ ့ တစ်နေ့တာလှုပ်ရှား သွားလာနေထိုင်မှုအားလုံးမှာ အကြောင်းရင်းတွေ ရှိပါတယ်။ အားအင်ကုန်ခမ်းလာလို့ စားသောက်တာပဲဖြစ်ဖြစ်၊ ကလေးတွေနဲ့အတူတူ ဆော့ကစားကြတာပဲဖြစ်ဖြစ် အားလုံးမှာ အကြောင်းရင်းတွေ ရှိပါတယ်။ ဘာကိစ္စကို ဘာကြောင့်ပဲလုပ်လုပ်၊ သင်လုပ်နေတဲ့ကိစ္စရဲ ့ ဦးတည်ချက်အကြောင်းအရင်းကို သိနေဖို့လိုပါတယ်။ ဒီလိုဦးတည်ချက်ရှိတာကြောင့် ခက်ခဲတဲ့ အရေးကိစ္စတွေကို ကြုံလာခဲ့ရင် ပိုမိုဖြေရှင်းနိုင်စွမ်း ရှိစေပါတယ်။

၂။ အာရုံစူးစိုက်ပါ

အာရုံစူးစိုက်မှုနဲ့ စည်းစနစ်ကျနမှုတွေက သင့်ကို အရှုံးပေးချင်စိတ်မဖြစ်အောင် ခွန်အားတွေ ပေးနိုင်ပါတယ်။ အာရုံစူးစိုက်မှု အားကောင်းစေနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။ အလုပ်တစ်ခုကို စတင်လုပ်တာနဲ့ ကျန်းမာတဲ့ ဘဝနေထိုင်မှုနဲ့အညီ ဘာတွေလိုချင်လဲ၊ ဘာတွေဖြစ်ချင်သလဲဆိုတာကို အရင်ဆုံး စိတ်ကူးပုံဖော်လိုက်ပါ။ ဥပမာ – သင်က ဝိတ်ချဖို့ စိတ်ကူးလိုက်တယ်ဆိုရင် အရင်ဆုံးဝိတ်ကျပြီး သင်နှစ်သက်တဲ့ ခန္ဓာကိုယ်ရှိ တဲ့ ရုပ်ပုံပန်းချီကားဖြစ်ဖြစ်၊ ဓာတ်ပုံဖြစ်ဖြစ်ကို အရင်ရှာပြီး ချိတ်ထားတာမျိုးလုပ်ပါ။ အာရုံစူးစိုက်မှုကောင်းစေတဲ့ နောက်ထပ်နည်းလမ်းတစ်ခုကတော့ သင့်တွက်သင့်တော်တဲ့ သီချင်းသံစဉ်လေးတွေ ဖွင့်ထားတာပဲ ဖြစ်ပါတယ်။ သင်အလုပ်လုပ်ရတာ ငြီးငွေ့လာတဲ့အခါမှာ သင်နှစ်သက်တဲ့ သီချင်းကိုဖွင့်ပြီး အလုပ်လုပ်လိုက်တာက လိုအပ်တဲ့အားအင်တစ်ခုကို ဖန်တီးပေးပါတယ်။

၃။ အာရုံစိုက်ပါ

အာရုံပြောင်းပေးတာက သင့်အလုပ်ဦးတည်ချက်အတွက် အဓိကအနှောင့်အယှက်တစ်ခုပါ။ သင်လုပ်နေတဲ့အလုပ်ကို အာရုံပြောင်းမသွား ဖို့ အရေးကြီးပါတယ်။ သင့်အလုပ်က နေစဉ်ပုံမှန် ငြီးငွေ့လာခဲ့ရင် အပြင်ထွက်လမ်းလျှောက်တာမျိုးနဲ့ အာရုံလွှဲပြောင်းပေးဖို့လည်း လိုအပ်ပါသေးတယ်။ တစ်ခုခုကို အာရုံစူးစိုက်နေဖို့အတွက် နေ့စဉ်မတူညီတဲ့ အပြောင်းအလဲလေးတွေလည်း လုပ်ပေးဖို့ လိုအပ်ပါတယ်။ ဥပမာ-မနက်စာ၊ ညစာတွေကို နေ့စဉ်ဟင်းထပ်နေတာမျိုးတွေ ဖြစ်မနေပါစေနဲ့။ ကျန်းမာစေတဲ့ အစားအသောက်လေးတွေကို ပြောင်းလဲစားသောက်သင့်ပါတယ်။

Most Popular

Healthy Life Ad
To Top