———၊ ကြယ်စင် ၊———
ကျောင်းတက်ရမယ့် ကျောင်းသား၊ အလုပ်သွားရမယ့်ဝန်ထမ်း . . စသူတွေ ကျောင်းနဲ့အလုပ်တွေမှာ ဉာဏ်ရည်ထက်မြက်ပြီး စွမ်းဆောင်နိုင်စွမ်း ကောင်းမွန်နေစေဖို့ နံနက်စာကို ရွေးချယ်စားသုံးသင့်ပါတယ်။
သစ်သီးစားပါ
ဗီတာမင်နဲ့ သတ္တုဓာတ်ပါဝင်တဲ့ သစ်သီးတွေကို နံနက်စာမှာ ထည့်သွင်းစားသင့်ပါတယ်။ သစ်သီးကို ဒီအတိုင်းမစားချင်ရင် သစ်သီးဖျော်ရည်သောက်ပါ။
ပရိုတင်းပါဝင်ပါစေ
ပရိုတင်းပါဝင်တဲ့ အစာဟာ ဦးနှောက်ကို အားပြည့်စေပါတယ်။ ဒါကြောင့် ပရိုတင်းဓာတ်ပါဝင်တဲ့ ဥအမျိုးမျိုး ဒါမှမဟုတ် အဆီနည်းအသားကို မဖြစ်မနေထည့်စားပါ။ ဆိုဒီယမ်နဲ့ အဆီပါဝင်မှုများတဲ့ ဝက်ပေါင်ခြောက်ကိုတော့ မစားသင့်ပါဘူး။
ကယ်လ်စီယမ် မှီဝဲပါ
ကယ်လ်စီယမ်ပါဝင်တဲ့ နွားနို့ ဒါမှမဟုတ် ဒိန်ချဉ်ကို မနက်စာမှာ ထည့်သွင်းထားသင့်ပါတယ်။
ကောက်နှံတစ်ခုလုံးစာ စားပါ
အခွံချွတ်မထားတဲ့ ကောက်နှံတစ်ခုလုံးစာ(ဥပမာ-ပေါင်မုန့်ညို၊ ခေါက်ဆွဲညို) ကိုစားပါ။
