Healthy Life Ad
Health Tips

လက်သည်းကိုက်တတ်တဲ့ အကျင့်ပျောက်အောင်

———၊ ငွေကြယ်စင်ယံ ၊———

လက်သည်းကိုက်တတ်တဲ့ အကျင့်စွဲနေတာက စိတ်ဖိစီးမှုခံစားနေရတဲ့ အပြုအမူတစ်ရပ် ဖြစ်ပါတယ်။ မကြာခဏ လက်သည်းကိုက်တတ်တဲ့ အပြုအမူက စိတ်ဖိစီးမှုကို တုံ့ပြန်တဲ့အနေနဲ့ လုပ်ဆောင်တဲ့နည်းလမ်းပါ။ လက်သည်းကိုက်တတ်တဲ့ အကျင့်ကို ဖျောက်နိုင်ဖို့ သတိထားနေရတာက စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလှပါတယ်။ ဒါကြောင့် အရင်ဆုံး သင်လုပ်သင့်တာက လက်သည်းကိုက်တဲ့အကျင့်ကို ဖြည်းဖြည်းနဲ့ မှန်မှန်ပျောက်အောင်ဖျောက်ပြီး ရှောင်ရှားသွားဖို့ပဲ ဖြစ်ပါတယ်။

(၁) သင်ရဲ့ လက်သည်းကိုက်တဲ့အကျင့် ပျောက်သွားစေဖို့ အရင်ဆုံးဒီလိုပြောပါ။ “နောင် ၁၅ မိနစ်အတွင်း လက်သည်းတွေကို မကိုက်တော့ဘူး”ဆိုပြီးပေါ့။ သင့်အတွက် ၁၅ မိနစ်က ထိန်းချုပ်ရတာ ကြာလွန်းတယ်ထင်ရင် ငါးမိနစ်နဲ့ စတင်လေ့ကျင့်ပါ။

(၂) လက်သည်းတွေကို ခပ်တိုတိုညှပ်ထားပါ။ လက်ကို အမြဲတမ်း သန့်ရှင်းစင်ကြယ်နေအောင် ထားဖို့လိုပါတယ်။

(၃) လက်တွေကိုသုံးပြီး အလုပ်လုပ်နေပါ။ စိတ်ဖိစီးမှုများနေပြီး အားလပ်နေရင် ဇာထိုးပန်းထိုးလုပ်တာ၊ ဆုဒိုကုပဟေဠိ အဖြေရှာတာ၊ စာရွက်တွေကို လှန်လှောတာ စတဲ့ အလုပ်တွေကို လုပ်ဆောင်ပေးပါ။

လက်သည်းတွေကို လုံးဝမကိုက်မိစေဖို့ ကြိုးစားရတာက စစချင်းမှာ ဘယ်လိုမှ မလွယ်ကူနိုင်ပါဘူး။ စိတ်ဖိစီးမှုနဲ့ ဂနာမငြိမ်တာတွေ ဖြစ်နေရင် တတ်နိုင်သမျှအနားပေးပါ။ အိပ်ရေးဝ၀အိပ်စက်ပါ။ ဦးနှောက်ကြည်လင်ပြီး စိတ်ချမ်းသာအောင် နေထိုင်တာက လက်သည်းကိုက်တဲ့ အလေ့အထလျော့ပါးအောင် ကူညီနိုင်တဲ့ နည်းလမ်းတစ်ရပ်ပဲ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top