Healthy Life Ad
Health Tips

နှလုံးခုန်နှုန်းကို ပုံမှန်အတိုင်း ထိန်းထားနိုင်စေမည့် နည်းလမ်းကောင်းငါးသွယ်

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

အထိုင်များတဲ့ နေထိုင်မှုပုံစံနဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်မှုဆိုင်ရာ အလေ့အကျင့်တွေက နှလုံးရောဂါဖြစ်စေနိုင်တဲ့ ထိပ်တန်းအန္တရာယ်တွေ ဖြစ်ကြပါတယ်။

(၁) BMI ကို ကျန်းမာရေးနှင့်အညီ ထိန်းထားပါ

ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနဲ့ အခွံချွတ်မထားတဲ့ ကောက်နှံစာတို့ အလုံအလောက်ပါတဲ့ အစာစားပါ။ မပြည့်ဝဆီနဲ့ အနီရောင်အသားတို့ကို တတ်နိုင်သမျှရှောင်ပါ။ ကိုယ်အလေးချိန်ကို ပုံမှန်အတိုင်း ထိန်းထားနိုင်ဖို့ BMI ကို ၂၀ နဲ့ ၂၅ ကြား ထိန်းထားပါ။ ကိုယ်အလေးချိန်များတာကြောင့် နှလုံးရောဂါ၊ သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါ စတဲ့ ရောဂါအမျိုးမျိုး ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။

(၂) ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ဆောင်ပါ

အထိုင်များတဲ့ နေထိုင်မှုပုံစံကို ရှောင်ပြီး ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်တာကြောင့် နှလုံးကျန်းမာရေး ကောင်းမွန်စေပါတယ်။ ပုံမှန်လေ့ကျင့်ခန်းမလုပ်နိုင်ရင် တစ်နေ့လုံးလှုပ်ရှားမှု လုပ်ဖြစ်ဖို့ ကြိုးစားပါ။ တစ်နေ့မှာ အေရိုးဗစ်လေ့ကျင့်ခန်းကို မိနစ် ၃၀ ကြာ လုပ်ပေးတာကြောင့် နှလုံးခုန်နှုန်းကို တိုးစေပါတယ်။ ဓာတ်လှေကားအစား ရိုးရိုးလှေကားနဲ့တက်ပါ။ ကြမ်းပြင်တိုက်ပါ။ အလုပ်နဲ့ အိမ်ကနီးရင် လမ်းလျှောက်ပြန်ပါ။
ယောဂကျင့်တာနဲ့ တရားထိုင်တာတို့ကလည်း စိတ်ဖိစီးမှု ပြေလျော့စေတာကြောင့် နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေကို အလိုလို ကောင်းမွန်စေပြီး နှလုံးကို ကျန်းမာစေပါတယ်။

(၃) နှစ်ခြိုက်စွာ အိပ်စက်အနားယူပါ

အိပ်ရေးပျက်တာကြောင့် သွေးဖိအားနဲ့ ကိုလက်စထရောတို့အပေါ် မကောင်းတဲ့သက်ရောက်မှု ဖြစ်စေနိုင်ပါတယ်။ အိပ်ရေးပျက်တာကြောင့် စိတ်ဖိစီးမှုကို တိုးစေပြီး ကိုယ်တွင်းရောင်ရမ်းမှု မြင့်တက်ကာ နှလုံးကြောင့်ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေကို တိုးမြင့်လာစေပါတယ်။ ညတိုင်း ၇-၉ နာရီ အိပ်စက်တာကြောင့် နှလုံးကျန်းမာရေးကို ကောင်းမွန်စေပြီး နှလုံးခုန်နှုန်းကို ထိန်းထားပေးနိုင်ပါတယ်။

(၄) ဆေးလိပ်ဖြတ်ပါ၊ အရက်ကိုထိန်းချုပ်ကာ သောက်ပါ

ဆေးလိပ်နဲ့အရက်ကြောင့် ကျန်းမာရေးထိခိုက်စေတယ်ဆိုတာ သင်သိပြီးဖြစ်မှာပါ။ ဆေးလိပ်နဲ့အရက်ဟာ နှလုံးကိုလည်း ဆိုးဆိုးဝါးဝါး သက်ရောက်စေပါတယ်။ ဆေးလိပ်နဲ့ အရက်ဖြတ်တာကြောင့် နှလုံးခုန်နှုန်းကို ပြန်လည်တည်ငြိမ်အောင် ထိန်းထားပေးနိုင်ပါတယ်။

(၅) စိတ်ဖိစီးမှုကို ထိန်းချုပ်ပြီး ပျော်ရွှင်စွာနေထိုင်ပါ

ရေရှည်စိတ်ဖိစီးမှုများတာကြောင့် ဘဝသက်တမ်းကို တဖြည်းဖြည်း တိုတောင်းလာစေပါတယ်။ စိတ်ဖိစီးမှုဖြစ်ပေါ်တဲ့အခါ မိတ်ဆွေသူငယ်ချင်းတွေနဲ့ တွေ့ဆုံစကားပြောပါ၊ လူမှုရေးအလုပ်တွေ လုပ်ပါ၊ အနားယူပါ။ ဘဝမှာ ဒီလိုပျော်ပျော်နေထိုင်တာကြောင့် နှလုံးကြွက်သားတွေကို ပျော့ပျောင်းသန်စွမ်းလာစေပါတယ်။ တစ်နေ့မှာ အချိန် ၁၅ မိနစ်ခန့် ရယ်မောတာကြောင့် သွေးစီးဆင်းမှုကို ၂၂ ရာခိုင်နှုန်း တိုးလာစေပြီး သွေးလွှတ်ကြော မာကျောမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ စိတ်ဖိစီးမှုကို လျှော့ချပြီး ပျော်ပျော်ရွှင်ရွှင်နေထိုင်တာက နှလုံးကျန်းမာစေတဲ့ နည်းလမ်းကောင်းပါ။

Most Popular

Healthy Life Ad
To Top