Healthy Life Ad
Health Tips

၀ိတ်ကျချင်သူများအတွက် . . .

ငွေစင်ကြယ်ယံ

နေ့စဉ်စားသောက်တဲ့ အာဟာရကြောင့် ကျန်းမာရေးကောင်းမွန်စေပြီး ဘေးမဖြစ်စေဖို့ သိရှိလိုက်နာသင့်တဲ့ နည်းတချို့ကို ဖော်ပြလိုက်ရပါတယ်။

(၁) ရာခိုင်နှုန်းကို သိပါ

သင်စားတဲ့ အစာထဲမှာ အခွံချွတ်မထားတဲ့ ကောက်နှံစာ၊ ပဲ၊ သစ်သီးဝလံ စတာတွေကရတဲ့ ကာဗိုဟိုက်ဒရိတ် ၅၀ ရာခိုင်နှုန်း၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီ၊ အခွံမာသီး၊ အစေ့အဆန်နဲ့ ငါးကရတဲ့ အဆီ ၃၅ ရာခိုင်နှုန်းနဲ့ ပဲ၊ ငါး၊ အခွံမာသီး၊ အဆီနည်းအသား၊ ဥအမျိုးမျိုး၊ နို့နဲ့ နို့ထွက်ပစ္စည်းကရတဲ့ ပရိုတင်းဓာတ် ၁၅ ရာခိုင်နှုန်းတို့ ပါဝင်သင့်ပါတယ်။

(၂) ကယ်လိုရီကို ရေတွက်ပါ

ကိုယ်အလေးချိန်ကို လျှော့ချင်တယ်ဆိုရင် ကိုယ်အလေးချိန် ၁၅၀ ပေါင်ရှိတဲ့ အမျိုးသမီးတစ်ယောက်က တစ်နေ့ ၁၄၀ဝ ကယ်လိုရီ စားသင့်ပါတယ်။ ကိုယ်အလေးချိန်ကို ထိန်းချင်တယ်ဆိုရင်တော့ ၁၈၀ဝ ကယ်လိုရီအထိ တိုးပြီးစားသင့်ပါတယ်။

(၃) အနီရောင်အသားနှင့် အချိုစာများ လျှော့စားပါ

ပြည့်ဝဆီကို တစ်နေ့တာစားတဲ့ ကယ်လိုရီရဲ့ ၈ ရာခိုင်နှုန်းထက် ပိုမစားသင့်ပါဘူး။ ဒါကြောင့် အနီရောင်အသားတွေ၊ အချိုစာတွေကို အာသာပြေရုံပဲ အနည်းငယ်စားပေးပါ။ ဒီအစာတွေအစား လတ်ဆတ်တဲ့သစ်သီး၊ အေးခဲနေတဲ့သစ်သီးတွေကို စားပေးသင့်ပါတယ်။

(၄) အဆီနည်းအသား၊ ဥအမျိုးမျိုးနှင့် ငါးကိုစားပါ

အဆီနည်းအသားတွေနဲ့ ဥအမျိုးမျိုးကို တစ်ရက်ခြားတစ်ခါလောက်ပဲ စားသင့်ပြီး ငါးကို တစ်ပတ်အနည်းဆုံး နှစ်ကြိမ်စားသင့်ပါတယ်။

(၅) အဆီနည်းနို့နှင့် နို့ထွက်ပစ္စည်းကို သောက်ပါ

ကယ်လ်စီယမ်နဲ့ တခြားအာဟာရဓာတ်တွေ ရရှိဖို့ နေ့စဉ် နို့နဲ့ ဒိန်ချဉ်သောက်ပေးပါ။

(၆) ကျန်းမာရေးနှင့် ညီညွတ်သော အဆီနှင့် ကာဗိုဟိုက်ဒရိတ်တို့ကို စားပါ

သံလွင်ဆီ၊ အခွံမာသီး၊ ထောပတ်သီးနဲ့ ငါးတွေကရတဲ့ အဆီတွေက ကျန်းမာရေးနဲ့ ညီညွတ်တာကြောင့် စားပေးသင့်ပါတယ်။ အညိုရောင်ခေါက်ဆွဲ၊ ပေါင်မုန့်ညို၊ဆန်လုံးညို စတာတွေကရတဲ့ ကာဗိုဟိုက်ဒရိတ်တွေကလည်း ကျန်းမာရေးနဲ့ ညီညွတ်မှုရှိပါတယ်။

Most Popular

Healthy Life Ad
To Top