Healthy Life Ad
Health Tips

ကိုယ်အလေးချိန်များခြင်းနှင့် အဝလွန်ခြင်းတို့ကြောင့် ဖြစ်တတ်သော ကျန်းမာရေးအခြေအနေများ

ယေဘုယျအားဖြင့် ခန္ဓာကိုယ်ထုထည် အညွှန်းကိန်း (BMI) က ၂၅ နဲ့ အထက်ရှိရင် ကိုယ်အလေးချိန်များတယ်၊ ၃၀ နဲ့ အထက်ရှိရင် အဝလွန်တယ်လို့ သတ်မှတ်ပါတယ်။ ကိုယ်အလေးချိန်က ပုံမှန်ထက်ပိုများရင် ဒါမှမဟုတ် အဝလွန်နေရင် အောက်ပါကျန်းမာရေးအခြေအနေတွေရဲ့ ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။

• နှလုံးသွေးကြောကျဉ်းရောဂါ၊

• အမျိုးအစား(၂) ဆီးချိုသွေးချိုရောဂါ၊

• ကင်ဆာရောဂါ (ဥပမာ- ရင်သား၊ အူမကြီး)၊

• သွေးတိုးရောဂါ၊

• သွေးတွင်းအဆီများတာ၊ ကိုလက်စထရောများတာ၊

• လေဖြတ်တာ၊

• အသည်းနဲ့ သည်းခြေရောဂါ၊

• အိပ်ပျော်စဉ် အသက်ရှူရပ်လိုက်/ ပြန်ရှူလိုက်ဖြစ်တာနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာ၊

• အရိုးအဆစ်ရောင်ရမ်းမှု၊

• မီးယပ်ရောဂါတွေ (ဥပမာ- ရာသီသွေးဆင်မှု ပုံမမှန်ဖြစ်တာ၊ မျိုးမအောင်တာ) စတာတွေ ဖြစ်ကြပါတယ်။

Most Popular

Healthy Life Ad
To Top