Healthy Life Ad
Health Tips

ရေရှည် ညဆိုင်းအလုပ်လုပ်ရသော အမျိုးသားများ ကျန်းမာရေးထိခိုက်စေနိုင်

ကိုထက်

နံနက်တစ်နာရီနဲ့ နှစ်နာရီကြားအပါအဝင် ညဉ့်နက်တဲ့အထိ အလုပ်လုပ်ရတဲ့ အမျိုးသားတွေဟာ ခြောက်လအကြာမှာ နေ့ဆိုင်းအလုပ်လုပ်ရသူတွေနဲ့ယှဉ်ရင် ဆီးကျိတ်ကင်ဆာနဲ့ အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ နှစ်ဆကျော်ပိုများကြောင်း Quebec တက္ကသိုလ်မှ လေ့လာသူတွေက ဆိုပါတယ်။

ညဆိုင်းအလုပ်လုပ်ရတာနဲ့ ကင်ဆာရောဂါအကြား ဆက်စပ်မှုဟာ ဟော်မုန်းစနစ်အပေါ် အခြေခံတယ်လို့ ထင်ရကြောင်း လေ့လာသူတွေက ဆိုပါတယ်။ ပုံမှန်အားဖြင့် သင့်ခန္ဓာကိုယ်က ညနက်ချိန်မှာ အိပ်စက်မှုအတွက် အရေးပါတဲ့ မယ်လတိုနင်ဟော်မုန်း ထုတ်လုပ်ပါတယ်။ မယ်လတိုနင်ဟာ သတင်းအချက်အလက်ပို့တဲ့ ပရိုတင်းအရေအတွက်ကို မြှင့်တင်ပေးရင်း ကိုယ်ခံစွမ်းအားစနစ်ကို ပိုမိုခံစားလွယ်အောင် လုပ်ဆောင်ပေးပါတယ်။ ညဉ့်နက်ချိန်မှာ အလုပ်လုပ်နေရတာကြောင့် မယ်လတိုနင်မြင့်တက်မှုနဲ့ လွဲချော်ခဲ့ပါက ခန္ဓာကိုယ်က ကင်ဆာလို ရောဂါအန္တရာယ်ကို ဆန်းစစ်ဖို့နဲ့ အနိုင်ယူဖို့ ပိုခက်ခဲလာပါတယ်။

ညဆိုင်း အလုပ်လုပ်ရသူတွေအနေနဲ့ နေ့ဘက်ပြန်လည်အိပ်စက်တဲ့အခါ မအိပ်ခင် မိနစ် ၃၀ အလိုမှာ မယ်လတိုနင်ဖြည့်စွက်ဆေး (Melatonin) ဝ ဒသ မ ၅ မီလီဂရမ်ကို မှီဝဲသင့်ကြောင်း ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ခန္ဓာကိုယ်ဇီဝနရီဆိုင်ရာဂျာနယ်မှာ လတ်တလော လေ့လာမှုအရ ညဆိုင်းအလုပ်လုပ်ရသူတွေအနေနဲ့ မအိပ်ခင် မယ်လတိုနင်မှီဝဲတာကြောင့် ၁၆ မိနစ်စောပြီး အိပ်မောကျကြောင်းနဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ကြောင်း သိရပါတယ်။ နေ့ခင်းဘက် ပြန်လည်အစားထိုး အိပ်စက်တဲ့အခါ အခန်းကမှောင်ပြီး တိတ်ဆိတ်နေဖို့လိုတယ်လို့ သုတေသီတွေက ဆိုပါတယ်။

Most Popular

Healthy Life Ad
To Top