Healthy Life Ad
Life Style

စိတ်ရှည်ပါ . . .

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

သိုင်းပညာလေ့လာသင်ယူလိုတဲ့ လူငယ်တစ်ယောက်က သိုင်းဆရာကြီးဆီသွားပြီး-

“ကျွန်တော် ဆရာ့ဆီမှာ သိုင်းပညာကို ကြိုးကြိုးစားစား၊ လေးလေးစားစားနဲ့ သင်ယူပါမယ်၊ ဆရာ့လိုသိုင်းဆရာ အကျော်အမော်တစ်ယောက်ဖြစ်ဖို့ ကျွန်တော်အချိန်ဘယ်လောက်ယူရမလဲ”လို့ မေးလိုက်ပါသတဲ့။

သိုင်းဆရာကြီးက “၁၀နှစ်ကြာမယ်” ဆိုပြီး ဖြေလိုက်ပါတယ်။

လူငယ်က စိတ်မရှည်ဟန်နဲ့-

“မဟုတ်ဘူး ဆရာကြီး၊ ကျွန်တော် ဒီထက်မြန်မြန် ဖြစ်ချင်တာ၊ ကျွန်တော်ပုံမှန်ထက် အများကြီးပိုကြိုးစားမယ်၊ တစ်နေ့ကို ၁၀ နာရီထက် ပိုလေ့ကျင့်မယ်ဆိုရင်ကော ဘယ်ချိန်လောက်မှာ ဖြစ်နိုင်မလဲ”လို့ မေးလိုက်ပါတယ်။

သိုင်းဆရာကြီးက တခဏစဉ်းစားပြီး ပြန်ဖြေလိုက်တာက-

“နှစ် ၂၀ ကြာမယ်”ဟူသတဲ့။

ဒီပုံပြင်လေးက ပညာရပ်တစ်ခု တစ်ဖက်ကမ်းခတ်တတ်မြောက်အောင် သင်ယူလေ့လာရာမှာ စိတ်ရှည်သည်းခံမှုရှိရှိနဲ့ ပုံမှန်လေ့လာတာ အကောင်းဆုံးဖြစ်ပြီး အလွန်အကျွံ အလောတကြီး လုပ်တာက ကိုယ်လိုချင်တဲ့ ပန်းတိုင်နဲ့ ဝေးစေတယ်ဆိုတာကို ပြသနေတာပဲ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top