Healthy Life Ad
Health Tips

သွေးတွင်းမကောင်းသော အဆီများခြင်း မဖြစ်စေရန်

ငွေကြယ်စင်ယံ

သွေးတွင်းအဆီများတာကြောင့် နောက်ဆက်တွဲရောဂါတွေ ဖြစ်နိုင်ခြေရှိပါတယ်။ သွေးတွင်းအဆီမများစေဖို့ လိုက်နာသင့်တဲ့ အချက်တွေရှိပါတယ်။

(၁) ဝက်ဆီ၊ အမဲဆီ၊ စားအုန်းဆီတွေကို လုံးဝရှောင်ပါ။ အဆီအအိမ့်များတဲ့ ထောပတ်တွေ၊ ချိစ် (Cheese) တွေကိုလည်း ရှောင်ပါ။ နောက်တစ်ခုကတော့ ထပ်ပြန်ကြော်ဆီတွေကို ရှောင်ပါ။ ဆီကိုထပ်ခါတလဲလဲ ကြော်နေရင်းနဲ့ ဓာတ်တိုးသွားပြီး မကောင်းတဲ့ဆီတွေ ဖြစ်သွားပါတယ်။ အဲဒီမကောင်းတဲ့ဆီကို တတ်နိုင်သမျှရှောင်ပါ။

(၂) သွေးတွင်းအဆီများနေရင် လေ့ကျင့်ခန်းကို တစ်နေ့နာရီဝက်လောက် လုပ်သင့်ပါတယ်။ ကိုယ်ခန္ဓာကို အဝမလွန်အောင်နဲ့ ခါးမတုတ်အောင် ဂရုစိုက်ပါ။ အစားအသောက် ရှောင်ရုံတစ်ခုနဲ့တင် မလုံလောက်ပါဘူး။ လေ့ကျင့်ခန်းမလုပ်ရင် နှလုံးသွေးကြောကျဉ်း ဖြစ်နိုင်ခြေများပါတယ်။ အသက်ကြီးလာတာနဲ့အမျှ သွေးတွင်းအဆီဓာတ်က များလာလေ့ရှိပါတယ်။ များလာတဲ့အတွက်ကြောင့် သက်ကြီးရွယ်အိုတွေလည်း အဝမလွန်အောင်နဲ့ သွေးတွင်းအဆီမများအောင် ထိန်းသိမ်းကြပါ။

(၃) စိတ်ဖိစီးမှုကိုလျှော့ချပြီး သွက်လက်လှုပ်ရှားတဲ့ လူနေမှုဘဝပုံစံနဲ့ နေထိုင်ပါ။

Most Popular

Healthy Life Ad
To Top