Healthy Life Ad
Health Tips

သတ္တုဓာတ်ပါဝင်သည့် အစေ့အဆန်များ

ငွေကြယ်စင်ယံ

နေ့စဉ်လိုအပ်တဲ့ မရှိမဖြစ်သတ္တုဓာတ်၊ အမျှင်ဓာတ်၊ အိုမီဂါသရီးနဲ့ အိုမီဂါစစ်တို့ ရရှိစေဖို့ အလွယ်နည်းကို သိလိုပါသလား။ သင်စားတဲ့ အစားအစာထဲကို အစေ့အဆန်တွေ ထည့်စားလိုက်ပါ။

နှမ်းစေ့

နို့နဲ့နို့ထွက်ပစ္စည်းပြီးရင် ကယ်လ်ဆီယမ် အများဆုံးပါဝင်တဲ့ အရာကနှမ်းစေ့ပါ။ ဒါကြောင့် အရိုးသန်စွမ်းကျန်းမာရေးအတွက် စားပေးသင့်ပါတယ်။ နှမ်းစေ့မှာ မဂ္ဂနီစီယမ်၊ ထရစ်ပတိုဖန်နဲ့ သံဓာတ်တို့ ပါဝင်နေပါတယ်။ ထရစ်ပတိုဖန်ဟာ ခန္ဓာကိုယ်ထဲမှာ စိတ်တက်ကြွစေတဲ့ ဆီရိုတိုနင်အဖြစ် ပြောင်းသွားပါတယ်။ ဒါကြောင့် သင်စားတဲ့အစားအစာတွေပေါ်ကို နှမ်းစေ့ဖြူးစားပေးတာမျိုး၊ ဟင်းရွက်သုပ်ထဲကို နှမ်းထည့်စားတာမျိုး ပြုလုပ်ပေးပါ။

ရွှေဖရုံစေ့

ထရစ်ပတိုဖန် များစွာပါဝင်တာကြောင့် ရွှေဖရုံစေ့ဟာ စိတ်ဓာတ်တက်ကြွအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ ဒါ့အပြင် သွပ်ဓာတ်၊ သံဓာတ်နဲ့ မဂ္ဂနိစ်တွေလည်း ပါဝင်တာကြောင့် အမျိုးသားတွေမှာ ဆီးကျိတ်ကျန်းမာရေး၊ အရိုးသန်စွမ်းရေးနဲ့ အဆစ်ရောင်သက်သာရေးတို့ကို ကောင်းကောင်းအထောက်အပံ့ ပေးနိုင်ပါတယ်။ ရွှေဖရုံစေ့မှာ ရောင်ရမ်းမှုကို လျော့ကျစေတဲ့ အာနိသင်ရှိပါတယ်။

နေကြာစေ့

ဗီတာမင် အီး၊ ဗီတာမင် B1နဲ့ ဆီလီနီယမ်တို့ ပါဝင်တဲ့နေကြာစေ့ဟာ နှလုံးသွေးကြောကျန်းမာရေး၊ နာ့ဗ်ကြောနဲ့ ကြွက်သားကျန်းမာရေးတို့ကို ကောင်းမွန်စေပြီး ရောင်ရမ်းမှုကို လျော့ကျစေတဲ့ အာနိသင်ရှိပါတယ်။ နေကြာဆီကို ဟင်းချက်ရာမှာ အသုံးပြုသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top