Healthy Life Ad
Health Tips

ဆောင်းတွင်း ဓာတ်မတည့်မှုပြဿနာ ကင်းဝေးချင်တယ်ဆိုရင်

ငွေကြယ်စင်ယံ

ဆောင်းရာသီမှာ နှာစေးတာ၊ အဖုအပိမ့်ပေါက်တာ၊ အင်ပျဉ်ထတာ အစရှိတဲ့ ဓာတ်မတည့်တဲ့ ဝေဒနာတွေ အဖြစ်များတတ်ပါတယ်။ ဒါကြောင့် ဓာတ်မတည့်မှု ကင်းဝေးစေဖို့ အောက်ပါနည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။

တစ်ကိုယ်ရေ သန့်ရှင်းရေး

ဆောင်းတွင်းမှာ တစ်ကြိမ်ဝတ်ပြီးသား အဝတ်အစားတွေကို မလျှော်ဘဲ၊ မီးပူမတိုက်ဘဲ ပြန်မဝတ်သင့်ပါဘူး။ ချွေးထွက်မများပေမယ့် ပန်းဝတ်မှုန်တွေ ကပ်ငြိနေတတ်ပါတယ်။ ဒါကြောင့် အတွင်းခံအဝတ်အစားတွေကို ပုံမှန် ကြေးချွတ် ဆေးမှုန့်နဲ့လျှော်ကာ မီးပူတိုက်ပြီးမှ ဝတ်သင့်ပါတယ်။

အိပ်ခန်း သန့်ရှင်းရေး

အိပ်ရာခင်း၊ ခေါင်းအုံးစွပ်နဲ့ ဖက်လုံးအစွပ်တွေကို ပုံမှန်လျှော်ဖွပ်ပြီး နေရောင်အောက်မှာ ခြောက်သွေ့အောင် လှန်းထားသင့်ပါတယ်။ ဒါမှသာ ဓာတ်မတည့်မှုကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။ မွေ့ရာ၊ ကော်ဇောစတဲ့ အိပ်ခန်းထဲက အသုံးအဆောင်တွေကိုလည်း နေရောင်ထဲမှာ နာရီအနည်းငယ်ကြာ လှန်းပေးပါ။ နေရောင်ခြည်က ဘက်တီးရီးယားတွေကို သေစေတဲ့ အစွမ်းရှိပါတယ်။

ရေချိုးခန်း သန့်ရှင်းရေး

ရေချိုးခန်းကို သုံးပြီးတိုင်း ခြောက်သွေ့အောင်သုတ်ပေးပါ။ ရေချိုးခန်းနံရံတွေဟာ စိုစွတ်နေရင် သင်ထင်တာထက်ပိုပြီး ဘက်တီးရီးယားပိုးနဲ့ ဖန်းဂတ်စ်မှိုပိုးတွေ ပေါက်ပွားတတ်ပါတယ်။ ဒါကြောင့် ရေချိုးခန်းကို သန့်ရှင်းပြီး ခြောက်သွေ့အောင်ထားပေးပါ။ ရေချိုးခန်းကြမ်းပြင်နဲ့ နံရံက အစွန်းအထင်းတွေကို ကြေးချွတ်ပွတ်တိုက်ပြီး မှိုပေါက်ပွားမှုမရှိအောင် လုပ်ဆောင်သင့်ပါတယ်။ ရေချိုးပြီးတိုင်း ပြတင်းပေါက်ကို ဖွင့်ထားပြီး လေဝင်လေထွက် ကောင်းအောင်လုပ်ပါ။

အိမ်မွေးတိရစ္ဆာန် စောင့်ရှောက်မှု

အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်တွေဟာ ကိုယ့်အိမ်မှာမွေးထားတဲ့ အချစ်တော် တိရစ္ဆာန်လေးတွေကို သန့်ရှင်းရေးလုပ်ဆောင်ပေးဖို့ လိုပါတယ်။ ဒါမှသာ အိမ်ထဲကို ကူးစက်ပိုးမဝင်အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ အိမ်မွေးတိရစ္ဆာန်ထားတဲ့ နေရာကိုလည်း မကြာခဏ သန့်ရှင်းရေးလုပ်ပေးဖို့ လိုပါတယ်။

Ref;zeenews

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top