Healthy Life Ad
Life Style

ပင်ပန်းနွမ်းနယ်နေတဲ့ အသားအရေကို ပန်းသီးနဲ့ ပေါင်းတင်ရအောင်

———၊ ငွေကြယ်စင်ယံ ၊———

သင့်အသားအရေက နွမ်းနယ်ပင်ပန်းပြီး အိုမင်းရင့်ရော်နေရင် ပန်းသီးနဲ့ ပျားရည်ရောပြီး ပေါင်းတင်ပေးပါ။ ပန်းသီးမှာ ဗီတာမင်အေ၊ ဘီနဲ့စီတို့ ပါဝင်တာကြောင့် အရေပြားက အဲဒီအင်တီအောက်ဆီးဒင့်တွေကို ပိုမိုစုပ်ယူနိုင်ပါလိမ့်မယ်။ ဒါ့အပြင် ခရမ်းလွန်ရောင်ခြည်ကြောင့် ထိခိုက်မှုကို သက်သာလျော့ပါးစေပါတယ်။ ပန်းသီးမှာ ဂလိုင်ကိုးလစ်အက်စစ်လည်း ပါဝင်တဲ့အတွက် အသားအရေကို ကြေးချွတ်နိုင်စွမ်းရှိပြီး မွေးညင်းပေါက်တွေကို သန့်စင်စေပါတယ်။

ပျားရည်မှာ ဘက်တီးရီးယားဆန့်ကျင်ပေးနိုင်တဲ့ အင်တီအောက်ဆီးဒင့် အစွမ်းရှိပါတယ်။ ပျားရည်ဟာ အရေပြားရှိ ဘက်တီးရီးယားတွေကို ကင်းစင်စေပြီး အစိုဓာတ်ကို ထိန်းပေးနိုင်ပါတယ်။ ပြီးတော့ ပျားရည်မှာပါဝင်တဲ့ အင်တီအောက်ဆီးဒင့်တွေက ပြင်ပပတ်ဝန်းကျင်ရှိ ဖရီးရယ်ဒီကယ်တွေကြောင့် အရေပြားထိခိုက်မှုမရှိအောင် ကာကွယ်ပေးပါတယ်။

ပါဝင်ပစ္စည်းများ

(၁) ပန်းသီးတစ်လုံး

(၂) ပျားရည်လက်ဖက်စားဇွန်း တစ်ဇွန်း

ပြုလုပ်နည်း

ပန်းသီးကိုအခွံခွာပြီး ပါးပါးလှီးကာ မွှေစက်ထဲထည့်မွှေပါ။ ပြီးရင် ပျားရည်ထမင်းစားဇွန်း နှစ်ဇွန်း ရောမွှေပေးပါ။ အဲဒီအရောအနှောကို သင့်မျက်နှာပေါ် လိမ်းပေးပါ။ မျက်ဝန်းတစ်ဝိုက်ကို ရှောင်ပါ။ အချိန် ၁၀-၁၅ မိနစ်ကြာမှ ကြက်သီးနွေးရေနဲ့ ဆေးကြောသန့်စင်လိုက်ပါ။ အသားအရေ တင်းရင်းစိုပြည်လာတာကို မြင်တွေ့ရပါလိမ့်မယ်။

Most Popular

Healthy Life Ad
To Top