Healthy Life Ad
Health Tips

သွားများ တစ်သက်တာ ခိုင်ခံ့ကျန်းမာနေစေရန် အရေးပါဆုံး အချက် ၁၀

၊ ငွေကြယ်စင်ယံ ၊

သွားကျန်းမာရေးကို နေ့စဉ်ပုံမှန် ထိန်းသိမ်းပေးဖို့လိုပါတယ်။ ဒါမှသာ တစ်သက်တာလုံး သွားတွေခိုင်ခံ့ကျန်းမာနေမှာဖြစ်ပါတယ်။

(၁) သွားတွေကို ပုံမှန်နဲ့စနစ်တကျ တိုက်ပေးပါ။ လူတိုင်းက နံနက်စာစားပြီး တစ်ကြိမ်နဲ့ ညအိပ်ရာမဝင်ခင် တစ်ကြိမ် သွားတိုက်သင့်ပါတယ်။

(၂) အစာစားပြီးတိုင်း ခံတွင်းကို ရေနဲ့ ပလုတ်ကျင်းပေးပါ။

(၃) သွားတွေကြားထဲကို သွားကြားပွတ်ကြိုးသုံးပြီး အမြဲသန့်စင်ပေးပါ။

(၄) သွားချေးကျောက်တွေကင်းစေမယ့် သွားတိုက်ဆေး (Anti-tartar) ကိုသုံးပြီး သွားတိုက်တာနဲ့ ပလုတ်ကျင်းဆေးရည် (mouthwash)ကိုသုံးပြီး ပလုတ်ကျင်းတာတွေကို လုပ်ဆောင်ပေးပါ။

(၅) သွားတွေကျဲနေရင် ဒါမှမဟုတ် သွားတွေ အလှပျက်နေရင် သွားအနေအထားမှန်ကန်ကောင်းမွန်စေဖို့ သွားညှိကိရိယာ(Braces) တပ်ဆင်ပါ။

(၆) သွားတွေဝါနေရင် သွားဖြူစေတဲ့ ပစ္စည်းတွေကိုသုံးနိုင်ပါတယ်။

(၇) သကြားပါဝင်တဲ့ အစားအသောက်တွေကို များများ စားသောက်တာက သွားတွေကို ထိခိုက်စေနိုင်ပါတယ်။ အစာကို တဇွတ်ဇွတ်စားနေမယ့်အစားအစာ စားချိန်တစ်ချိန်နဲ့ တစ်ချိန်ကြား အချိန်သုံးနာရီတော့ ခြားသင့်ပါတယ်။

(၈) အိပ်ရာမဝင်ခင် သကြားပါတဲ့ အစားအသောက်တွေကို ရှောင်တာ အကောင်းဆုံးပါ။

(၉) သွားဖုံးတွေရဲ့ ကျန်းမာရေးကိုလည်း အထူးဂရုစိုက်သင့်ပါတယ်။ သွားဖုံးတွေက နီရဲနေရင်၊ ရောင်ရမ်းနေရင်နဲ့ သွေးထွက်နေရင်သွားဆရာဝန်နဲ့ ပြပါ။

(၁၀) သွားတွေ မကောင်းရင် ခန္ဓာကိုယ်တွင်းစနစ်တွေရဲ့ကျန်းမာရေးကိုထိခိုက်စေနိုင်ပြီး ခံတွင်းအနံ့ဆိုးထွက်စေနိုင်ပါတယ်။ သွားတွေ အနေအထားမှန်မှန်နဲ့ ကောင်းမွန်နေအောင် သွားဆရာဝန်နဲ့ ပုံမှန်ပြသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top