Healthy Life Ad
International

ကမ္ဘာ့ပထမဆုံးအဖြစ် ကလေးငါးဦးအား သူတို့ကိုယ်ပိုင်ဆဲလ်ဖြင့် ကြီးထွားလာသည့် နားရွက်အသစ် တပ်ဆင်ပေးနိုင်ခဲ့

၊ ကိုထက် ၊

သိပ္ပံပညာရှင်တွေက ကလေးတွေရဲ့ ပုံမှန်နားရွက်ပုံအတိုင်း သရီးဒီပုံရိပ်ဖော်နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ နားရွက်တွေကိုထုတ်လုပ်ကာ တပ်ဆင်ပေးနိုင်ခဲ့ပါတယ်။ အဆိုပါ နားရွက်ကို ဓာတ်ခွဲခန်းထဲမှာ ကလေးရဲ့ကိုယ်ပိုင်ဆဲလ်ကိုသုံးပြီး ကြီးထွားလာစေပြီး အဆိုပါကလေးထံ ပြန်လည်တပ်ဆင်ပေးတာဖြစ်ပါတယ်။ ကလေးငါးဦးစလုံးကို ဒီနည်းနဲ့ နားရွက်အသစ်တွေတပ်ဆင်ခဲ့တာက ကမ္ဘာ့ပထမဆုံးအကြိမ်ဖြစ်တယ်လို့သိရပါတယ်။

အသက်ခြောက်နှစ်နဲ့ ကိုးနှစ်ကြားအရွယ်ရှိ ကလေးတွေက မွေးရာပါ နားရွက်တစ်ဖက်ချို့ယွင်းတဲ့ အခြေအနေနဲ့ မွေးဖွားလာခဲ့ပြီး ပြင်ပနားရွက်က သေးငယ်ကာ ဖွံ့ဖြိုးမှုနည်းနေပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ခွဲအကြာက ကလေးတစ်ဦးဟာ ပထမဆုံးအကြိမ် နားရွက်တပ်ဆင်မှု ပြုလုပ်ခဲ့ပေမယ့် ကလေးရဲ့ခန္ဓာကိုယ်က ဆဲလ်သစ်တွေကို တွန်းကန်တာဖြစ်ခဲ့ပါတယ်။

အခုအခါမှာတော့ သိပ္ပံပညာရှင်တွေက ကလေးရဲ့ ပင်ကိုဆဲလ်တွေကိုသုံးပြီး ကလေးနားရွက်အတိုင်း သရီးဒီနည်းပညာနဲ့ ဖန်တီးခဲ့ပါတယ်။ နောက်တစ်ဆင့်အနေနဲ့ ကလေးရဲ့ပုံပျက်နေတဲ့ နားရွက်မှ အရိုးနုဆဲလ်ကိုယူပြီး ဓာတ်ခွဲခန်းထဲမှာ ပုံမှန်နားရွက်အတိုင်း ကြီးထွားစေခဲ့ပါတယ်။ သုံးလကြာပြီးချိန်မှာ နားရွက်က ကလေးအတွက် အနေတော်ကြီးထွားလာပါတော့တယ်။ နားရွက်အသစ် လက်ခံရရှိထားတဲ့ ကလေးတွေကို နောက်ထပ်ငါးနှစ်ကြာတဲ့အထိ သိပ္ပံပညာရှင်တွေက ကြည့်ရှုပေးသွားမှာဖြစ်ပြီး သဘာဝအတိုင်း ကြည့်ကောင်းတဲ့ နားရွက်အဖြစ် မြင်ရလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ ဒီခွဲစိတ်ကုသမှုကို လူသားနားရွက် သူ့အလိုလို ကြီးထွားမှုကိုတင်စားပြီး ကြွက်နားရွက် (Earm­ouse)လို့ ခေါ်ဆိုကြပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top