Healthy Life Ad
Health Tips

သင့်နားရွက်ကို နေ့တိုင်းနှိပ်နယ်ပေးရင် သင့်ခန္ဓာကိုယ်က ဘာဖြစ်လာမှာလဲ . . .

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

စိတ်ဖိစီးမှုများတာ၊ ပူပင်သောကများတာ၊ ခေါင်းကိုက်တာ၊ အိပ်ငိုက်တာ စတာတွေက မသက်မသာဖြစ်စေတဲ့ အခြေအနေတွေပါ။ ဒါတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းကတော့ အလွန်ရိုးစင်းပါတယ်။ နားရွက်ကို နှိပ်ပေးဖို့ပါပဲ။ ဒါက အာရုံကြောတွေကို အပန်းပြေစေပြီး စိတ်ကို ပြဿနာတွေ ကင်းစင်စေကာ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာတွေကို ကင်းဝေးစေပါတယ်။

alignnone size-medium wp-image-57499
ကြွက်သားနာကျင်မှုက လျော့ကျသွားပါတယ်

နားရွက်ကို နှိပ်နယ်တာကြောင့် နာတာရှည်ခါး နာဝေဒနာရှိသူတွေမှာ နာကျင်မှု သက်သာလျော့ပါးသွားတယ်ဆိုတာ လက်တွေ့စမ်းသပ်မှုတစ်ခုအရ သိရပါတယ်။ ဒီရိုးစင်းတဲ့ နှိပ်နယ်နည်းက မသက်မသာ ဝေဒနာတွေ လျော့ကျစေတဲ့ ထိရောက်တဲ့နည်းတစ်ခုပါ။ နားရွက်ရဲ့ မတူညီတဲ့ နေရာတွေကို ညင်ညင်သာသာ ဆွဲပြီးနှိပ်နယ်တာက အစွန်အဖျားက အာရုံကြောအများစုကို လှုံ့ဆော်ပေးပြီး ဦးနှောက်ကနေ အန်ဒေါ်ဖင်ဟော်မုန်းထွက်စေပါတယ်။ ဒီဟော်မုန်းတွေက စိတ်ခံစားမှုကောင်းစေပြီး နာကျင်မှုဝေဒနာကို သက်သာစေပါတယ်။ ဒါ့အပြင် သွေးလှည့်ပတ်မှုကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ ဒီရိုးစင်းတဲ့ နှိပ်နယ်တဲ့ လုပ်ဆောင်မှုက ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုကို ထိန်းချုပ်ပေးပြီး နာကျင်မှုခံနိုင်ရည်ရှိမှုကိုလည်း တိုးစေနိုင်တယ်လို့ တချို့လေ့လာမှုတွေအရ သိရပါတယ်။

alignnone size-medium wp-image-57500
စိတ်ဖိစီးမှုနဲ့ စိုးရိမ်သောကအဆင့်က လျော့နည်းသွားပါတယ်

ပြင်ပမှာ သန္ဓေတည်အောင် လုပ်ဆောင်ချိန် အတောအတွင်း လူနာတွေကို လေ့လာမှုလေးတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ရလဒ်တွေအရ နားရွက်ကို နှိပ်နယ်ပေးတာက ဒီစိတ်ဖိစီးမှုများတဲ့ အခြေအနေမှာ အလွန်အလုပ်ဖြစ် ထိရောက်တယ်ဆိုတာ တွေ့ရှိရပါတယ်။ စိတ်ဖိစီးမှုများနေရင်၊ ဂနာမငြိမ်ဖြစ်နေရင်၊ နုံးချည့်ညောင်းညာနေရင်၊ စိတ်တိုစိတ်ဆတ်လွယ်နေရင် နားရွက်ကို စက်ဝိုင်းပုံအတိုင်း ညင်ညင်သာသာ လှည့်လည်နှိပ်ပေးပါ။

alignnone size-medium wp-image-57501
ခေါင်းကိုက်ခြင်းနဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်းက သိသိသာသာ သက်သာသွားနိုင်ပါတယ်

အကိုက်အခဲပျောက်ဆေးတွေက သင့်ခန္ဓာကိုယ်နဲ့ သင့်ကျန်းမာရေးအပေါ် ဘေးထွက်ဆိုးကျိုး ဖြစ်စေနိုင်ပေမယ့် နားရွက်ကို နှိပ်နယ်လှုံ့ဆော်ပေးတာကတော့ အန္တရာယ်မရှိပါဘူး။ ပူစီနံ(ပူဒီနာ)ရေနွေးကြမ်းလို သဘာဝရေနွေးကြမ်းနဲ့ ပေါင်းစပ်လုပ်ဆောင်ရင် ပိုထိရောက်တဲ့ အာနိသင်ကို ရရှိစေပါတယ်။

alignnone size-medium wp-image-57502
ကိုယ်အလေးချိန် မြန်မြန်ချနိုင်ပါတယ်

ပုံမှန်လေ့ကျင့်ခန်းလုပ်တာ၊ ကျန်းမာရေးနဲ့အညီ စားသောက်တာတွေနဲ့အတူ နေ့စဉ်နေ့တိုင်း နားရွက်ရဲ့ မတူညီတဲ့ အမှတ်နေရာတွေကို ပွတ်သပ်ပေးပါ။ ဒီနည်းက ကိုယ်အလေးချိန်ကို မြန်မြန်လျော့ကျစေပါတယ်။ သင်ကိုယ်အလေးချိန်ကို ဆက်ထိန်းဖို့နဲ့ ကျန်းမာဖို့လည်း ဆက်လုပ်ဆောင်နိုင်ပါတယ်။

alignnone size-medium wp-image-57503
အိပ်မပျော်ခြင်းကို တွန်းလှန်ရာမှာ ကူညီပေးနိုင်ပါတယ်

နားရွက်ကို နှိပ်နယ်လှုံ့ဆော်တာက အပန်းပြေစေတဲ့ အစွမ်းရှိတာကြောင့် အိပ်ရာဝင်ခါနီး အချိန်တိုင်းမှာ နားရွက်ကို နှိပ်နယ်ပေးပါ။ စိတ်ကိုပါ တည်ငြိမ်အေးချမ်းသွားစေပါတယ်။ ဒီနည်းက အိပ်မပျော်တာကို လုံးဝမကင်းစင်စေနိုင်ဘူးဆိုရင်တောင် ကောင်းကောင်းအိပ်မောကျဖို့ရာအတွက် လုံလောက်တဲ့ အပန်းပြေမှုကို ရရှိစေပါတယ်။


စွမ်းအင်တိုးစေနိုင်ပါတယ်

မနက်ခင်းကော်ဖီသောက်ပြီး လန်းဆန်းအောင် လုပ်လေ့ရှိပါသလား။ အဲဒီအစား နားရွက်ကို နည်းနည်းလေး ဖိအားပေးပြီး ပွတ်ပေးပါ။ နားရွက်ရဲ့ အစွန်အဖျားရှိ အာရုံကြောတွေကို လှုံ့ဆော်ပေးတာက ဦးနှောက်စင်တာတချို့ကို လှုံ့ဆော်ပေးတာကြောင့် နုံးချည့်တာကို မှေးမှိန်သွားစေပါတယ်။ တစ်နေ့တာအတွင်း ပင်ပန်းနေချိန်၊ စွမ်းအင်အဆင့် လျော့ကျနေချိန်မှာလည်း လုပ်ဆောင်နိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top