Healthy Life Ad
International

ကြက်သွန်နီအခွံတွင်ပါသည့် ဖန်းဂတ်စ်ပိုးရှူမိရာက အဆုတ်အအေးမိရောဂါရခဲ့သည့် ကြက်သွန်နီစိုက် လယ်သမား

၊ ကိုထက် ၊

ဂျပန်နိုင်ငံမှ အသက် ၆၂ နှစ်အရွယ် အမည်မဖော်လိုသူ ကြက်သွန်နီစိုက် လယ်သမားတစ်ဦးက ကြက်သွန်နီမျက်နှာပြင် သန့်ရှင်းရေးလုပ်တဲ့ လေမှုတ်စက်သုံးပြီးနောက် နာမကျန်းဖြစ်လာခဲ့ပါတယ်။ ချောင်းခြောက်ဆိုးခြင်း၊ နုံးချည့်ညောင်းညာခြင်း၊ အသက်ရှူမဝခြင်းတို့ကို နှစ်ပတ်ကြာ ခံစားခဲ့ရပြီးနောက် ဆေးရုံရောက်သွားခဲ့ပါတယ်။

လယ်သမားရဲ့ အဆုတ်ထဲမှာ Aspergillus fumigatus အမည်ရှိ ဖန်းဂတ်စ်ကိုတွေ့ရှိခဲ့ပြီး လယ်ယာလုပ်ငန်းခွင်မှ ဖုန်မှုန့်တွေကို ရှူရှိုက်ရခြင်းကြောင့် အဆုတ်ရောင်ရမ်းမှု ဖြစ်ပေါ်ခဲ့ပါတယ်။ လေမှုတ်စက်က ဖန်းဂတ်စ်ပိုးပြန့်နှံ့စေခဲ့ပြီး ထပ်ခါထပ်ခါ ရှူရှိုက်မိစေဖို့ ဖန်တီးတာကြောင့် နမိုးနီးယားအဆုတ်ရောင် ရောဂါခံစားခဲ့ရတာဖြစ်တယ်လို့ ထင်မြင်ထားပါတယ်။

လူနာရဲ့ ဦးခေါင်း၊ လည်ပင်းနဲ့ ဝမ်းဗိုက်ပိုင်းတို့ ကို စစ်ဆေးခဲ့ရာ မကြာခင် ပြန်ကောင်းလာနိုင်ခြေရှိပေမယ့်လည်း လူနာအသက်ရှူလိုက်တိုင်း အက်ကွဲသံထွက်ပေါ်နေခဲ့ပါတယ်။ ဆေးရုံမှာတစ်ပတ်ကြာ ကုသမှုခံယူခဲ့ပြီးနောက် လူနာရဲ့လက္ခဏာတွေက သက်သာလာခဲ့ပါတယ်။ အပြည့်အဝ ပြန်လည်ကျန်းမာပြီး လုပ်ငန်းခွင်သို့ ပြန်ဝင်နိုင်ခဲ့ကာ အခုအခါမှာ နှာခေါင်းစည်း (Mask)တပ်ထားပါတယ်။ အခုလေ့လာမှုကို အသက်ရှူလမ်းကြောင်းဆိုင်ရာ ဆေးပညာမှတ်တမ်းဂျာနယ်မှာ ဖော်ပြထားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top