Healthy Life Ad
Health Tips

ခြေသည်းမှိုစွဲခြင်းအတွက် လွယ်ကူသောကုထုံး

———-၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

ခြေသည်းမှိုစွဲတဲ့ ပြဿနာဟာ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ပြဿနာတစ်ရပ်ပါ။ ခြေသည်းမှိုစွဲခြင်းအတွက် စိတ်ညစ်မရအောင် ရှလကာရည်ရှိရုံနဲ့ အဆင်ပြေမယ့် အလွယ်နည်းကို ဖော်ပြပေးလိုက်ပါတယ်။

အဆင့် (၁) သင့်ခြေသည်းက အလွန်ထူထဲနေရင် ရှလကာရည် စိမ့်ဝင်လွယ်အောင် ခြေသည်းကို ညင်ညင်သာသာ လှီးဖြတ်ပေးပါ။

အဆင့်(၂) ပြီးရင် မှိုစွဲနေတဲ့ ခြေသည်းတွေပေါ် ရှလကာရည်များများ သုတ်လိမ်းပေးပါ။ တစ်နေ့နှစ်ကြိမ်ခန့် သုတ်လိမ်းပေးရပါမယ်။

အဆင့်(၃) ရှလကာရည်လိမ်းပြီးချိန်မှာ ခြေသည်းကို ခြောက်သွေ့အောင် လေသလပ်ခံထားပါ။

အဆင့်(၄) ခြေသည်းအောက်က ဖန်းဂတ်စ်မှိုအသေတွေနဲ့ အညစ်အကြေးတွေကို အခါအားလျော်စွာ ဖယ်ရှားပေးပါ။

အဆင့်(၅) ခြေသည်းပေါ်ကို ရှလကာရည် တစ်နေ့နှစ်ကြိမ်ခန့် သုတ်လိမ်းပေးရုံနဲ့ တစ်ပတ်အကြာမှာ သိသိသာသာ သက်သာလာတာကို မြင်တွေ့ရမှာပါ။ ရှလကာရည်မှာ သဘာဝအက်စစ်ဓာတ် ပါဝင်တာကြောင့် ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top