Healthy Life Ad
Life Style

ကြက်သွန်နီရှိရုံနဲ့ ဆံပင်နဲ့ အသားအရေ လှပစေရမယ် . . .

———၊ ငွေကြယ်စင်ယံ ၊———

သက်ကြီး အစက်အပြောက်ထင်တာ၊ ဆံပင်မွဲခြောက်တာ၊ အသားပပ်တာ စတဲ့ အလှအပ ပြဿနာတွေကို ကြက်သွန်နီက ဖြေရှင်းပေးနိုင်ပါတယ်။

ဆံပင်သား တောက်ပစေခြင်း

ကြက်သွန်နီဟာ ပင်ကိုအားဖြင့် အက်စစ်ဂုဏ်သတ္တိ ရှိပါတယ်။ ဒါကြောင့် ကြက်သွန်နီကို ဆံပင်သားအနှံ့ သုတ်လိမ်းလိုက်ရင် အက်စစ်ဂုဏ်သတ္တိကြောင့် ဆံပင်သားကို တောက်ပစေပါတယ်။ ပြုလုပ်ရမယ့် နည်းလမ်းက ကြက်သွန်နီကို ကြိတ်ချေပြီး အုန်းဆီ ဒါမှမဟုတ် သံလွင်ဆီဆတူနဲ့ ရောမွှေလိုက်ပါ။ ပြီးရင် ဆံပင်သားအနှံ့ သုတ်လိမ်းပြီး နှစ်နာရီထားပေးပါ။ နှစ်နာရီကြာတဲ့အခါ ခေါင်းလျှော်ပြီး ဆံပင်အခြောက်ခံစက်နဲ့ ခြောက်အောင် လုပ်ဆောင်လိုက်ပါ။ ဆံပင်သား တောက်ပကြည့်ကောင်းလာစေပါတယ်။

ဆံပင်ထူစေခြင်း

ကြက်သွန်နီနဲ့ ပျားရည်ကို ဆံပင်ပါးတဲ့ ပြဿနာ ကင်းစေဖို့ သုံးခဲ့တာ အတော်ကြာပါပြီ။ ကြက်သွန်နီက ခေါင်းကိုက်တာ၊ ချောင်းဆိုးတာနဲ့ ဆံပင်ကျွတ်တာတွေကိုလည်း သက်သာစေပါတယ်။ ပြုလုပ်ရမယ့်နည်းက ကြက်သွန်နီတစ်လုံးကို ကြိတ်ချေပြီး အရည်ရအောင်လုပ်ကာ ပျားရည် ထမင်းစားဇွန်း နှစ်ဇွန်းနဲ့ ရောမွှေကာ တစ်ညတာ ထားပါ။ ပြီးရင် ဆံပင်အနှံ့ သုတ်လိမ်းပြီး တဘတ်နဲ့ အုပ်ကာ အိပ်ရာဝင်ပါ။ မနက်ခင်းမှာ ခေါင်းလျှော်ပေးရမှာ ဖြစ်ပါတယ်။ တစ်ပတ်မှာ နှစ်ကြိမ်၊ သုံးကြိမ် ပြုလုပ်ပေးရင် ဆံပင် ထူလာပါလိမ့်မယ်။

ပိုးမွှားအကိုက်ခံရလျှင် သက်သာစေခြင်း

ပိုးမွှားအကိုက်ခံရတဲ့အခါ ကြက်သွန်နီ သုတ်လိမ်းပေးတာကြောင့် သက်သာစေနိုင်ပါတယ်။ အကြောင်းကတော့ ကြက်သွန်နီမှာ ကွာစီတင်ဒြပ်ပေါင်း ပါဝင်တဲ့အတွက် ဓာတ်မတည့်တုံ့ပြန်မှုနဲ့ နာကျင်မှုဖြစ်စေတဲ့ ပရိုစတာဂလာဒင် ဖြစ်ပေါ်မှုကို ဟန့်တားပေးနိုင်ပါတယ်။ ပြုလုပ်ရမယ့်နည်းက ကြက်သွန်နီကို ပါးပါးလှီးပြီး အင်းဆက်ပိုးမွှား အကိုက်ခံရတဲ့ နေရာတွေကို သုတ်လိမ်းပေးရမှာ ဖြစ်ပါတယ်။

အမည်းစက် မှိန်ဖျော့စေခြင်း

ကြက်သွန်နီဟာ အမည်းစက်တွေနဲ့ အရေပြား အရောင်မညီတာကို သက်သာလျော့ပါးစေပါတယ်။ ဒါကြောင့် လက်တစ်အက်စစ်ပါတဲ့ ဒိန်ချဉ်နဲ့ ရောသုံးတဲ့အခါ အမည်းစက်တွေကို သိသိသာသာ မှိန်ဖျော့သွားစေပါတယ်။ ကြိတ်ချေထားတဲ့ ကြက်သွန်နီအရည်နဲ့ ဒိန်ချဉ်ကို ဆတူရောပြီး မျက်နှာပေါ် သုတ်လိမ်းကာ ၁၀-၁၅ မိနစ်ခန့် ထားပေးပါ။ ပြီးမှ မျက်နှာသစ်လိုက်ပါ။

အမာရွတ် မှိန်ဖျော့သွားစေခြင်း

ကြက်သွန်နီဟာ ဘက်တီးရီးယား ဆန့်ကျင်နိုင်တဲ့ အစွမ်းရှိသလို ရောင်ရမ်းမှုကိုလည်း ဟန့်တားပေးနိုင်ပါတယ်။ လတ်တလောလေ့လာမှုအရ ကြက်သွန်နီဟာ ကလေးတွေနဲ့ လူကြီးတွေမှာ ဖြစ်တတ်တဲ့ အရေပြားအမာရွတ်ကို မှိန်ဖျော့သွားစေပါတယ်။ ပြုလုပ်ရမယ့်နည်းက ကြက်သွန်နီအရည် ထမင်းစားဇွန်း တစ်ဇွန်းခွဲ၊ ဂျုံမှုန့် ထမင်းစားဇွန်းနှစ်ဇွန်း၊ နွားနို့ ထမင်းစားဇွန်း တစ်ဝက်တို့ကို ရောမွှေပြီး စေးပျစ်တဲ့ အနှစ်သားကို မျက်နှာအသားအရေပေါ် သုတ်လိမ်းပေးရမှာ ဖြစ်ပါတယ်။ မိနစ် ၂၀ ကျော်ကြာမှ နွားနို့အနည်းငယ် သုတ်လိမ်းပြီး သန့်စင်လိုက်ပါ။

တံတောင်ဆစ်ရှိ ခပ်ကြမ်းကြမ်း အမည်းကွက်များ သက်သာစေခြင်း

ကြက်သွန်နီမှာ ပိုးသတ်အာနိသင် ရှိတဲ့အတွက် ဘက်တီးရီးယားတချို့ကို သေစေနိုင်ပါတယ်။ ပြုလုပ်ရမယ့်နည်းက ပါးပါးလှီးထားတဲ့ ကြက်သွန်နီကို ရေနွေးတစ်ခွက်ထဲ ထည့်ကာ တံတောင်ဆစ်အရေပြားကို သုတ်လိမ်း၊ နှိပ်နယ်ပေးပါ။ မိနစ်အနည်းငယ်ကြာမှ ရေနဲ့ ဆေးကြောလိုက်ပါ။

(Ref;DM)

Most Popular

Healthy Life Ad
To Top