Healthy Life Ad
Life Style

ကြက်သွန်နီကို မကြာခဏ စားပေးခြင်းဖြင့် သင့်ခန္ဓာကိုယ်မှာ ပြောင်းလဲသွားမယ့် အရာ ၇ ခု

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

ကြက်သွန်နီက သင့်ကို မျက်ရည်ကျစေတယ်ဆိုပေမယ့် ဗီတာမင်နဲ့ အာဟာရဓာတ်တွေ ပါဝင်မှုများတာကြောင့် ခေါင်းကနေ ခြေဖျားအထိ သင့်ကျန်းမာရေးကို ကောင်းစေပါတယ်။ ကြက်သွန်နီပုံမှန်စားပေးတာကြောင့် လူ့ခန္ဓာကိုယ်မှာ ဘယ်လိုတွေပြောင်းလဲသွားသလဲဆိုတာ ကြည့်ရအောင်။

(၁) အရိုးသိပ်သည်းဆ ကောင်းမွန်စေပါတယ်

ကြက်သွန်နီတွေကို စားတာက အရိုးသိပ်သည်းဆအပေါ် ကောင်းတဲ့သက်ရောက်မှုရှိတယ်လို လေ့လာမှုအတော်များများအရ သိရပါတယ်။ တစ်လခန့် နေ့စဉ် ကြက်သွန်နီကို စားတဲ့သူတွေက မစားသူတွေနဲ့ယှဉ်ရင် အရိုးသိပ်သည်းဆ ၅ ရာခိုင်နှုန်း တိုးမြင့်နေတယ်လို့ သိရပါတယ်။

(၂) သွေးတွင်းကိုလက်စထရောကျပြီး နှလုံးကျန်းမာစေပါတယ်

ကြက်သွန်နီမှာ ရောင်ရမ်းမှုကျစေတဲ့ အစွမ်းရှိတဲ့အပြင် မကောင်းတဲ့ကိုလက်စထရောကိုလည်း လျော့ကျစေပါတယ်။ ဒါက နှလုံးသွေးကြောဆိုင်ရာ ရောဂါအန္တရာယ်ကို လျော့ကျစေတာကြောင့် နှလုံးကျန်းမာစေတာ ဖြစ်ပါတယ်။

(၃) ကောင်းကောင်းအစာကြေညက်စေပါတယ်

ကြက်သွန်နီမှာ အမျှင်ဓာတ်အပြည့်အဝပါဝင်တာကြောင့် အစာကြေညက်စေပါတယ်။ အူထဲမှာ ကောင်းတဲ့ဘက်တီးရီးယား ထွက်ရှိနှုန်း တိုးစေတဲ့အပြင် ခန္ဓာကိုယ်ထဲမှာ အစာခြေဖျက်နှုန်း မြန်စေပါတယ်။

(၄) ဆဲလ်ထိခိုက်မှုလျော့ကျစေပါတယ်

ကြက်သွန်နီမှာ အင်တီအောက်ဆီးဒင့် ပါတာကြောင့် ခန္ဓာကိုယ်အတွက် ကောင်းကျိုးရှိပါတယ်။ ရောဂါတချို ့ကို ကင်းစင်စေရုံသာမက ဆဲလ်ထိခိုက်မှုမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

(၅) မျက်စိအမြင်အာရုံနဲ့ ခံတွင်းကျန်းမာရေး ကောင်းမွန်စေပါတယ်

ကြက်သွန်နီက ပါးစပ်ထဲက မကောင်းတဲ့ဘက်တီးရီးယားတွေကို သေစေပါတယ်။ ပိုးသတ်အစွမ်းရှိလို့ သွားတွေခိုင်ခံ့စေပါတယ်။ ကြက်သွန်ဖြူမှာပါတဲ့ ကွာစီတင်ဓာတ်က မျက်စိကျန်းမာစေပါတယ်။ ကြက်သွန်နီစားလို့ ပါးစပ်နံရင်တော့ သွားတိုက်ပေးပါနော်။

(၆) ညဘက် အိပ်ရေးဝဝ အိပ်မောကျစေပါတယ်

ကော်လိုရာဒိုတက္ကသိုလ်မှာ ပြုလုပ်ထားတဲ့ လေ့လာမှုအရ ကြက်သွန်နီစားတာက အိပ်စက်မှုအရည်အသွေး ကောင်းမွန်စေတယ်လို့ သိရပါတယ်။ အမျှင်ဓာတ်ပါလို့ အူလမ်းကြောင်းကျန်းမာရေး ကောင်းမွန်စေပြီး စိတ်ဖိစီးမှု လျော့ကျစေတာကြောင့် ဖြစ်ပါတယ်။

(၇) အိုမင်းမှုကို တွန်းလှန်ပေးပြီး အသားအရေလှပစေပါတယ်

ကြက်သွန်နီမှာပါတဲ့ ဗီတာမင်အေ၊ စီနဲ့ အီး က အသားအရေကို တောက်ပစေပါတယ်။

မှတ်ချက်။ ။ ကြက်သွန်နီကို ဟင်းလျာထဲ ထည့်ချက်စားတာ၊ အစိမ်းသုပ်စားတာ ကြိုက်နှစ်သက်သလို စားနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top