Healthy Life Ad
Health Tips

လည်ချောင်းထဲ ငါးရိုးစူးလျှင်

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

လည်ချောင်းထဲ ငါးရိုးစူးတာက ခံရခက်တဲ့ဝေဒနာပါ။ ဘာပဲမျိုမျို၊ ဘယ်လိုပဲချောင်းဆိုးပြီး ဟန့်ကြည့်ကြည့်၊ လည်ချောင်းက ရှင်းမသွားဘဲ မျက်သလို စူးသလိုနဲ့ ခံရခက်တဲ့ ဝေဒနာရတတ်ပါတယ်။ အဲဒီအခါ အသက်ရှူရခက်ခဲတတ်ပါတယ်။ ငါးရိုးစူးတဲ့အခါ စိတ်ကို တည်ငြိမ်အောင်လုပ်ပြီး အောက်ပါသဘာဝကုထုံးတွေနဲ့ သက်သာအောင် လုပ်သင့်ပါတယ်။

– သံလွင်ဆီ

သံလွင်ဆီစစ်စစ် ထမင်းစားဇွန်းတစ်ဇွန်းကို မျိုချလိုက်ပါ။ လည်ပင်းထဲ ချောမွေ့သွားစေတဲ့အပြင် ငါးရိုးကို အစာရေမျိုပြွန်ကတစ်ဆင့် အစာအိမ်ထဲကို ရှောရှောရှူရှူ ကျသွားစေပါတယ်။

– သံပယိုရည်

သံပယိုရည်တစ်ဖန်ခွက်သောက်တာက လည်ချောင်းထဲ တစ်ဆို့နေတဲ့ ငါးရိုးကို ပျော့ပျောင်းသွားစေတဲ့ ကုထုံးတစ်ခုပါ။ သံပရာရည်ရဲ့ အက်စစ်ဂုဏ်သတ္တိကြောင့် ငါးရိုးတွေကို ပျော့သွားစေပြီး အစာခြေလမ်းကြောင်းအပေါ်ပိုင်းကနေ ကျသွားနိုင်တဲ့အထိ သေးသွားစေပါတယ်။

– ပန်းသီးရှလကာရည် (Apple Cider Vinegar)

ပန်းသီးရှလကာရည်ကလည်း သံပယိုရည်လိုပဲ လည်ချောင်းထဲက ငါးရိုးတွေကို အရည်ပျော်စေပါတယ်။ ပန်းသီးရှလကာရည် ထမင်းစားဇွန်းတစ်ဇွန်းကို ရေတစ်ဖန်ခွက်နဲ့ဖျော်ပြီး သောက်ပေးပါ။

– ငှက်ပျောသီး

ငှက်ပျောသီးစားတာကလည်း လည်ချောင်းထဲတစ်နေတဲ့ ငါးရိုးကိုလျှောကျသွားစေပါတယ်။ ပါးစပ်ထဲ ငှက်ပျောသီးကြီးကြီးတစ်ကိုက်ကို ထည့်ပြီးမျိုပါ။ (ကြီးလွန်းရင် ဆို့နင့်တဲ့ အန္တရာယ်ဖြစ်နိုင်တာကို သတိထားပါ) ခဏလောက်မျိုထားပြီးမှ ရေတစ်ဖန်ခွက်နဲ့ မျှောချပေးပါ။

– မြေပဲထောပတ်

မြေပဲထောပတ်တစ်ဇွန်းစားပေးရင်လည်း လည်ချောင်းထဲစူးနေတဲ့ ငါးရိုးကို ရှောရှောရှူရှူ ကျသွားစေပါတယ်။ မြေပဲထောပတ် ထမင်းစားဇွန်းတစ်ဇွန်းကို မျိုချပေးရမှာဖြစ်ပါတယ်။

– ပေါင်မုန့်

နွားနို့တို့ထားတဲ့ ပေါင်မုန့် ဒါမှမဟုတ် ရေတို့ထားတဲ့ ပေါင်မုန့်ကို ခံတွင်းထဲ ထည့်မျိုရင်လည်း လည်ချောင်းထဲကပ်နေတဲ့ ငါးရိုးကို လျှောကျသွားစေပါတယ်။

သတိပြုရန်

ဒီနည်းတွေလုပ်လို့မသက်သာဘဲ လည်ချောင်းထဲ ငါးရိုးစူးနေမြဲစူးနေတယ်ဆိုရင် နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်နဲ့ သွားပြပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top