Healthy Life Ad
Health Tips

လည်ချောင်းကျန်းမာရေးအတွက် အလွယ်နည်းခြောက်သွယ်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

လည်ချောင်းကို အလွန်အကျွံ အသုံးပြုတာ၊ ကူးစက်ပိုးဝင်တာနဲ့ အေးမြခြောက်သွေ့တဲ့ လေထုဒဏ်ခံရတာတွေကြောင့် လည်ချောင်းနာတဲ့ဝေဒနာနဲ့ လည်ချောင်းကျန်းမာရေးထိခိုက်တာတို့ ဖြစ်တတ်ပါတယ်။ ဒီလိုဝေဒနာတွေမရအောင် လိုက်နာသင့်တဲ့ နည်းလမ်းကောင်းတွေရှိပါတယ်။

– လည်ချောင်းကို ကာကွယ်ပါ

အေးမြတဲ့အချိန်မှာ လည်ပင်းကို မာဖလာပတ်ထားတာက အအေးမိဝေဒနာမရအောင် ကာကွယ်နိုင်ပါတယ်။

– သွားတိုက်တံကို ကောင်းစွာသန့်စင်ပါ

လည်ချောင်းတွင်း ကူးစက်ပိုးဝင်ရတဲ့ အဓိက အရင်းအမြစ်တစ်ခုက သွားတိုက်တံ မသန့်ရှင်းတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် မနက်တိုင်း သွားတိုက်တံကို အသုံးမပြုခင် ဆေးကြောပေးပါ။

– လည်ချောင်းနှင့် ခံတွင်းကို ဆားရေနွေးဖြင့် ပိုးသတ်ပါ

သွားတိုက်ပြီးချိန်မှာ ဆားရေနွေးနဲ့ ပလုတ်ကျင်းပေးပါ။ ဒီနည်းက လည်ချောင်းနာတာကို သက်သာစေပြီး ကူးစက်ပိုးဝင်နိုင်ခြေကို သိသိသာသာ လျော့ကျစေပါတယ်။

– ရေခွက်နှင့် ဇွန်းခက်ရင်းများကို သီးသန့်အသုံးပြုပါ

လည်ချောင်းတွင်း ကူးစက်ပိုးဝင်နေသူနဲ့တွဲဖက်ပြီး ဖန်ခွက်၊ ရေခွက်၊ ဇွန်းခက်ရင်း စတာတွေကို အတူမသုံးသင့်ပါဘူး။ ကိုယ်ခံအားစနစ်မကောင်းတဲ့အချိန်မှာ ကူးစက်ပိုးဝင်နိုင်ခြေ များပါတယ်။

– ချင်းလက်ဖက်ရည်ကို ပျားရည်နှင့် ရောသောက်ပါ

ချင်း(ဂျင်း)မှာ ရောင်ရမ်းမှုတား ဂုဏ်သတ္တိရှိတာကြောင့် လည်ချောင်းနာဝေဒနာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ချင်းလက်ဖက်ရည်အကြမ်း ပန်းကန်လုံးတစ်ခွက်လောက်သောက်လိုက်ရင် လည်ချောင်းနာ ဝေဒနာလက္ခဏာတွေကို သက်သာစေပြီး လည်ချောင်းကျန်းမာအောင် ကာကွယ်ပေးပါတယ်။ ပျားရည်ထည့်သောက်ရင် ပိုပြီး အနာကျက်စေနိုင်ပါတယ်။

– လူကြားထဲ သီချင်းမဆိုမီ၊ စကားမပြောမီ နွေးထွေးအောင်နေပါ

လူကြားထဲ သီချင်းမဆိုခင်၊ စကားမပြောခင် လည်ချောင်းကို နွေးထွေးနေအောင်ထားပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top