Healthy Life Ad
Q & A

ငါးရိုးစူးနေလို့ . . .

မေး ။ ညီမ သူငယ်ချင်းတစ်ယောက် အသက် ၂၃နှစ်ပါ။ ယောကျာ်းလေးပါ။ လွန်ခဲ့တဲ့ ၂ရက်လောက်က ညနေဘက်ထမင်းစားရင်း ငါးရိုးစူးသွားပါတယ်။ လည်ချောင်းထဲမှာ မျက်တတ်၊ မျက်တတ်နဲ့ အခုထိ မပျောက်သေးလို့ပါ။ သံပရာသီးအရည်ကို သောက်သောက်ပေးပါတယ်။ အဲ့ထဲမှာပါတဲ့ citric ကငါးရိုးကို ကြေစေတယ်လို့ကြားဖူးလို့ပါ။ အခုမသက်သာသေးလို့ပါရှင့်။ လည်ပင်းအရှေ့ဘက်ညာဘက်နားလေးမှာ ငါးရိုးလေးစူးနေတာပါ။ ဖြေကြားပေးပါရှင်။

ဒေါက်တာမြတ်ထွဋ်ညွန့် မှ ပြန်လည်ဖြေကြားပေးပါသည် ။

ဖြေ ။ စူးတဲ့အရိုးအရွယ်၊ အနေအထားပေါ် မူတည်ပါတယ်။
၁။ ငှက်ပျောသီး အခွံနွှာပြီး မကြီးမငယ်အနေတော်လောက်ကို မျိုချပါ။
၂။ ကောက်ညှင်းပေါင်းကိုကြေအောင်ဝါးပြီး မျိုချပါ။
၃။ သံလွင်ဆီနဲ့ရေရောပြီး ခပ်ပူပူတည်ကာ သောက်ချပါ။
၄။ မြေပဲထောပတ်နဲ့ ပေါင်မုန့်ကို ရောဝါးပြီးမျိုချပါ။ ရေနွေးထဲဆားနည်းနည်းထည့်ပြီး တဝသောက်ချပါ။
ဒါတွေလုပ်တဲ့တိုင် နာနေသေးရင်၊ ပိုဆိုးလာရင်၊ တစ်ရက်ကျော်တဲ့အထိမသက်သာရင် ဆေးရုံမှာပြသစစ်ဆေးစေလိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top