Healthy Life Ad
Health Tips

ခါးအဆီပို ထွက်ရသည့် အကြောင်းရင်းများ

၊ လရိပ်မေ ၊

အမျိုးသမီးအများစုက ဗိုက်အဆီ လျော့ကျစေဖို့ ကြိုးစားအားထုတ်လေ့ ရှိပေမယ့် ခါးနောက်ကျောက အဆီပိုတွေကို ဖယ်ရှားဖို့ သတိမရ
တတ်ပါဘူး။ အဲဒီအခါ ကျပ်တဲ့ အင်္ကျီပျော့ပျော့၊ တီရှပ်အင်္ကျီတွေ ဝတ်လိုက်ရင် ခါးက အဆီပိုတွေ ထွက်နေတတ်ပါတယ်။ ခါးအဆီပို
ထွက်ရတဲ့ အကြောင်းရင်းတွေကို သိရှိဆင်ခြင်နိုင်ဖို့ ရေးသားလိုက်ရပါတယ်။

(၁) ဘရာစီယာ ဝတ်ပုံဝတ်နည်း မမှန်ကန်ခြင်း
ဘရာစီယာကို ကောင်းကောင်း မဝတ်တာက ခါးအဆီပိုတွေကို သိသိသာသာ ထွက်နေစေပါတယ်။ အမျိုးသမီးအများစုဟာ ဘရာစီယာကို ကြိုးမျှင်မျှင်လေးတွေ ဝတ်ဆင်ပြီး နောက်ဘက်မှာချိတ်နဲ့ ချိတ်ထား တတ်ပါတယ်။ ရှေ့ဘက်ကိုပဲ အာရုံစိုက်ပြီး ခါးနောက်ကျောကို လျစ်လျူရှုထားတာကြောင့် ခါးနောက်ကျောမှာ အံဝင်ခွင်ကျမဖြစ်ဘဲ အဆီပိုတွေ လျှံထွက်နေတတ်ပါတယ်။

(၂) ဘရာစီယာအရွယ်အစား ကြီးနေခြင်း
ကိုယ့်ရင်သားနဲ့ မတော်ဘဲကြီးမားတဲ့ ဘရာစီယာအရွယ်အစားကို ဝတ်ဆင်တာကြောင့် ခါးနောက်ကျောမှာ အဆီပိုတွေ ထွက်နေပါလိမ့်မယ်
။ အမျိုးသမီးအများစုဟာ မှန်ကန်တဲ့ ဘရာစီယာအရွယ်အစားကို ဝတ်ဆင်မှသာ ခါးနောက်ကျော စမတ်ကျကျ ချပ်ရပ်ကြည့်ကောင်း နေမှာပါ။

(၃) မလုံခြုံသော ဘရာစီယာ ဝတ်ဆင်ခြင်း

ကိုယ့်ရင်သားနဲ့ အံဝင်ခွင်ကျမရှိဘဲ လုံလုံခြုံခြုံမရှိလှတဲ့ ဘရာစီယာမျိုးဝတ်ဆင်ရင် ခါးဘက်မှာအဆီပိုတွေ ထွက်စေနိုင်ပါတယ်။ ကိုယ့်ရင်သားတစ်ခုလုံး မဖုံးအုပ်နိုင်တဲ့ ဘရာစီယာဟာ လျော့တိလျော့ရဲ တွဲကျနေတတ်ပြီး ခါးအဆီပိုတွေ ထွက်နေစေပါတယ်။

(၄) လေ့ကျင့်ခန်း လုံးဝမလုပ်ခြင်း
လေ့ကျင့်ခန်းကို လုံးဝမလုပ်ဆောင်ဘဲ အထိုင်များတဲ့နေထိုင်မှုပုံစံအတိုင်း နေတဲ့အခါခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုက နှေးပြီး ခါးနောက်ကျောမှာ အဆီပိုတွေ စုလာပါလိမ့်မယ်။

(၅) ကျန်းမာရေးနှင့် မညီညွတ်သည့် စားသောက်နည်း ပုံစံများ
အဆီ၊ ဆိုဒီယမ်၊ သကြားနဲ့ ကာဗိုဟိုက်ဒရိတ် စတာတွေကို အလွန်အမင်း စားတာကြောင့် ခန္ဓာကိုယ်ရဲ့ ပုံမှန်လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေနိုင်ပြီး အဆီပိုတွေ စုဆောင်းနေတတ်ပါတယ်။ ကယ်လိုရီ၊ သကြားနဲ့ အဆီများတဲ့ အစာတွေကလည်း ခါးအဆီတွေကို စုဆောင်း
နိုင်ပါတယ်။

(၆) ကိုယ်အလေးချိန်များခြင်း / အဝလွန်ခြင်း
ကိုယ်အလေးချိန်များရင် ဒါမှမဟုတ် အဝလွန်ရင် ခါးအဆီရှိနေမယ်ဆိုတာ သံသယဝင်စရာ မလိုပါဘူး။ ခါးအဆီတွေရှိတာက စမတ်ကျကျ ဝတ်စားဆင်ယင်ရာမှာ အနှောင့်အယှက် တစ်ခုပါပဲ။

(၇) အသက်ကြီးခြင်း
အသက်ကြီးလာလေလေ၊ ခါးမှာ မလိုလားအပ်တဲ့ အဆီတွေ ရှိနေနိုင်လေလေ ဖြစ်ပါတယ်။ အသက်ကြီးတဲ့အခါ အရေပြားတင်းအား
လျော့ကျလာပါတယ်။ အဲဒီအချိန်မှာ ကိုယ်အလေးချိန် မြင့်တက်လာရင် အရေပြားက ပျော့တွဲနေတတ်ပါတယ်။ တင်းကျပ်တဲ့ အဝတ်အစားဝတ်ရင် ခါးအဆီတွေကို ချပ်ရပ်သွားစေနိုင်ပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top