Healthy Life Ad
Health Tips

၀ိတ်မတက်ဘဲ စားချင်တာစားလို့ရတဲ့ နည်းလမ်းကို Food Blogger တစ်ဦးက ပြောပြခဲ့ အာဟာရပညာရှင်များက သဘောတူထောက်ခံ

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

နာမည်ကြီး Food Blogger တစ်ဦးဖြစ်တဲ့ ရေဗက္ကရာဘန်က ခန္ဓာကိုယ်သွယ်လျလှပဖို့ အစားအသောက်လျှော့စားစရာမလိုပါဘူးလို့ ဆိုခဲ့ပါတယ်။ သူ့အနေနဲ့ သူကြိုက်တာကို စားသောက်ပြီး ဘာကိုမှ အငတ်ခံနေစရာမလိုဘဲ သွယ်လျနေတာလို့ ပြောပြထားပါတယ်။ စားချင်တာစားပြီး ဝိတ်မတက်တဲ့ သူ့အကြောင်းကို ရေဗက္ကက အခုလို ပြောကြားထားပါတယ်။

alignnone size-medium wp-image-63464
မစားရမနေနိုင်အောင် ဆွဲဆောင်သည့်အစာများ

“ဒီအစာတွေက စားချင်စိတ်ကို နှိုးဆွပြီး မစားရမနေနိုင်တဲ့ အစာတွေပါ။ ဒါပေမဲ့ ကယ်လိုရီအများကြီး ပါပါတယ်။ ပီဇာလို အစာမျိုးကို စားချင်တယ်ဆိုရင် ကျွန်မစားပါတယ်။ ချိစ်ဘာဂါ ဒါမှမဟုတ် ပုဇွန်ဘာဂါ စားချင်စိတ်ပြင်းပြနေရင်လည်း စားပါတယ်။ ဒါပေမဲ့ များများမစားဘဲ ပမာဏနည်းနည်းကိုပဲ စားတာပါ။ စားတဲ့အခါ ခပ်မြန်မြန် အလောတကြီး မစားဘဲ အစာကို အရသာခံပြီး အချိန်အလုံအလောက်ပေးပြီး စားလိုက်ပါတယ်။ ဒီနည်းက နည်းနည်းစားရုံနဲ့ အာသာပြေစေတဲ့နည်းပါ”လို့ ရေဗက္ကက သူ့လျှို ့ဝှက်ချက်ကို ပြောပြထားပါတယ်။

“ပီဇာလို အစာမျိုးကို စားချင်တယ်ဆိုရင် ကျွန်မစားပါတယ်။ ချိစ်ဘာဂါ ဒါမှမဟုတ် ပုဇွန်ဘာဂါစားချင်စိတ် ပြင်းပြနေရင်လည်း စားပါတယ်။ ဒါပေမဲ့ များများမစားဘဲ ပမာဏနည်းနည်းကိုပဲ စားတာပါ။ စားတဲ့အခါ ခပ်မြန်မြန် အလောတကြီးမစားဘဲ အစာကို အရသာခံပြီး အချိန်အလုံအလောက်ပေးပြီး စားလိုက်ပါတယ်။ ဒီနည်းက နည်းနည်းစားရုံနဲ့ အာသာပြေ စေတဲ့နည်းပါ”. . .

အာဟာရပညာရှင်အများစုကလည်း ရေဗက္ကကို ထောက်ခံထားကြပါတယ်။ ကိုယ်ကြိုက်တဲ့ အစားအသောက်တွေကို အငတ်ခံပြီး ကိုယ်အလေးချိန်ထိန်းတဲ့နည်းက ရေရှည်မှာ အဆင်မပြေတာ များတဲ့အပြင် စားချင်တာ မစားရတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေပါ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ်စားချင်တာကို ပမာဏထိန်းပြီး ဖြည်းဖြည်းချင်းစားတဲ့နည်းက သင့်တော်တယ်လို့ အာဟာရပညာရှင်တွေက ဆိုထားတာပါ။

alignnone size-medium wp-image-63465

တခြားအာဟာရပညာရှင် တစ်ဦးဖြစ်တဲ့ ရမ်ဆေးက အစာစားတဲ့အခါ အစားအသောက်ဖြတ်တဲ့ နည်းမသုံးဘဲ နေ့စဉ်နေ့တိုင်းစားတဲ့ အစားအသောက်တွေကို ပမာဏထိန်းပြီး ပါဝင်သင့်တဲ့ အာဟာရဓာတ်တွေကို အချိုးအစားညီညီ စားသောက်ဖို့ လိုအပ်တယ်လို့ ဆိုထားပါတယ်။

ဝိတ်မတက်ဘဲ စားချင်တာစားလို့ရစေဖို့

(၁) ကိုယ်စားချင်တဲ့အစာကို ပမာဏနည်းနည်းယူလိုက်ပါ။

(၂) အစာကို ဖြည်းဖြည်းချင်း အရသာခံပြီးစားပါ။

(၃) စားပြီးရင် ရေသောက်လိုက်ပါ။

alignnone size-medium wp-image-63466

(၄) ပြီးရင် လမ်းလျှောက်တာ၊ ဆွဲဆန့်လေ့ကျင့်ခန်းလုပ်တာ စသဖြင့် သွေးလှည့်ပတ်မှုကောင်းအောင် ခန္ဓာကိုယ်လှုပ်ရှားမှု လုပ်လိုက်ပါ။

(၅) ဒါဆိုရင် စားချင်တာလည်း စားရ၊ ဗိုက်လည်းပြည့်ပြီး စိတ်ကျေနပ်မှုလည်း ရှိနေမှာဖြစ်ပါတယ်။

alignnone size-medium wp-image-63476

Most Popular

Healthy Life Ad
To Top