Healthy Life Ad
Q & A

ဖုန်းသုံးရာက ဇက်ကြောထိုး၊ ဇက်ကြောတက်ဖြစ်ခြင်း

—၊ ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—

Q. အခုတလော ဖုန်းအသုံးများလို့လားမသိဘူး၊ ဇက်ကြောတွေ တက်နေလို့ပါ။ ဘယ်လိုသက်သာအောင် လုပ်လို့ရနိုင်ပါသလဲ။
KoThant(FB)

A. ဖုန်းပွတ်တဲ့သူတွေက ခေါင်းကိုငုံ့ပြီး ဖုန်းပွတ်တဲ့အတွက် ဇက်ကြောထိုး၊ ဇက်ကြောတက်တယ်ဆိုပြီး ဆရာတို့ဆီလာပြတဲ့ လူနာတွေ များလာပါတယ်။ ဒါကြောင့် ဖုန်းသုံးတဲ့အခါဖြစ်ဖြစ်၊ ကွန်ပျူတာသုံးတဲ့အခါဖြစ်ဖြစ် လည်ပင်းကို မတ်မတ်လေးထားဖို့ ဆရာတို့ အကြံပြုချင်ပါတယ်။ အဲဒီအခါ ဖုန်းသုံးပြီးတိုင်း လည်ပင်းလေ့ကျင့်ခန်း လုပ်ပေးရပါမယ်၊ ဖုန်းသုံးရင်း တစ်ချက်တစ်ချက် အဝေးကိုကြည့်တဲ့နည်းနဲ့ မျက်လုံးကို အနားပေးရပါမယ်။ ပြီးတော့ မှောင်တဲ့အချိန်မှာ စူးရှတဲ့ ဖုန်းအလင်းရောင်ကို မကြည့်ရပါဘူး။ ကွန်ပျူတာစကရင်က ထွက်တဲ့ အလင်းရောင်နဲ့ ဖုန်းစကရင်ကထွက်တဲ့ အလင်းရောင်ကို တတ်နိုင်သမျှ မျက်စိထဲမဝင်အောင် ရှောင်လွှဲပေးရင် မျက်စိကျန်းမာရေးကို ကောင်းမွန်တိုးတက်စေမယ်လို့ အကြံပြုလိုပါတယ်။

Most Popular

Healthy Life Ad
To Top