Healthy Life Ad
Health Tips

ညဘက်အိပ်ရေးပျက်နေပြီလား . . .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ညဘက်အိပ်ရေးပျက်တာက ကိုယ်အလေးချိန်မြင့်တက်စေတဲ့ အကြောင်းရင်းဖြစ်နေပြီလား။ ဒီလိုဆိုရင် တစ်ညမှာ ၇-၉ နာရီလောက် အိပ်ရေးဝ၀ အိပ်စက်အနားယူဖို့ လိုအပ်ပါတယ်။ အိပ်ရေးပျက်တဲ့အခါ ကိုယ်အလေးချိန်တက်တာအပြင် အောက်ပါအကြောင်းရင်းတွေလည်း ဖြစ်တတ်ပါတယ်။

– စိတ်လှုပ်ရှားခြင်း

ညဘက်ကောင်းကောင်း အိပ်မပျော်တာကြောင့် စိတ်လှုပ်ရှားပြီး အစားအသောက်တွေကို ကျန်းမာရေးနဲ့ ညီညွတ်တာကို မရွေးနိုင်တော့ဘဲ အဆင်သင့် လက်လှမ်းမီရာတွေကို စားမိသွားတတ်ပါတယ်။

– စွမ်းအင်မရှိခြင်း

မောပန်းပြီး အိပ်ငိုက်နေတဲ့အခါ ဘယ်သူမှ လေ့ကျင့်ခန်းမလုပ်ချင်ကြပါဘူး။ ဒီလိုအခြေအနေကြောင့် ကိုယ်အလေးချိန် မြင့်တက်လာတတ်ပါတယ်။

– ဟော်မုန်းမမျှတခြင်း

အိပ်ရေးပျက်တာကြောင့် ဟော်မုန်းတွေ ကမောက်ကမဖြစ်တတ်ပါတယ်။ ဒီအချိန်မှာဖြစ်တဲ့ ခံစားချက်က စိတ်ဖိစီးမှုများတာနဲ့ ဆင်တူပါတယ်။

– သွေးတွင်းသကြားဓာတ်မြင့်တက်ခြင်း

အိပ်ရေးပျက်တာကြောင့် သွေးတွင်းသကြားဓာတ် မြင့်တက်နိုင်ပါတယ်။

တစ်ညမှာ အိပ်ချိန် ၇-၉ နာရီ အိပ်စက်အနားယူနိုင်ဖို့ အိပ်ရာမဝင်ခင် လေ့ကျင့်ခန်းလုပ်တာကိုရှောင်ပြီး ကဖင်းဓာတ်ပါတဲ့ အစားအသောက်တွေကို ရှောင်သင့်ပါတယ်။

– နွားနို့

နွားနို့မှာ ထရစ်ပတိုဖန်လို့ခေါ်တဲ့ အမိုင်နိုအက်စစ်ပါဝင်တာကြောင့် အိပ်ရေးဝ၀ အိပ်မောကျစေပါတယ်။ နွားနို့မှာ ပရိုတင်းဓာတ်ပါဝင်တာကြောင့် ကြွက်သားထုထည်ကိုတည်ဆောက်နိုင်ပြီး အိပ်ပျော်စေပါတယ်။

– ချမိုမိုင်းရေနွေးကြမ်း

ချမိုမိုင်းရေနွေးကြမ်း (Chamomile Tea)က စိတ်နဲ့ခန္ဓာကိုယ်ကို တည်ငြိမ်စေတဲ့ သဘာဝအိမ်သုံးဆေးတစ်လက်ပါ။ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်နိုင်ပြီး ဆာလောင်မှုကို ဟန့်တားနိုင်ပါတယ်။

– စပျစ်သီးဖျော်ရည်

အိပ်ရာမဝင်ခင် စပျစ်သီးဖျော်ရည်ကိုသောက်ရင် အဆီဆဲလ်တွေကို အညိုရောင်အဆီအဖြစ် ပြောင်းလဲပေးတဲ့အတွက် ကိုယ်အလေးချိန်ထိန်းပေးနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top